Monday, April 6, 2015

သင်္ကြန်ကာလအကြို ယာဉ်စည်းကမ်း ထိန်းသိမ်းရေး နှင့် မှတ်ပုံမတင် ထားသော တားမြစ် ဆေးဝါးများ ရောင်းချမှု မရှိစေရေး ပူးပေါင်း စစ်ဆေးဆောင်ရွက်

သင်္ကြန်ကာလအကြို ယာဉ်စည်းကမ်း ထိန်းသိမ်းရေး နှင့် မှတ်ပုံမတင် ထားသော တားမြစ် ဆေးဝါးများ ရောင်းချမှု မရှိစေရေး ပူးပေါင်း စစ်ဆေးဆောင်ရွက်
--------------------------------------
(၂-၄-၂၀၁၅) ရက်နေ့ နံနက်(ဝ၉၀ဝ)အချိန်မှ (၁၁၃၀)အချိန် အထိ အမှတ်(၇၆)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံး (မြိတ်)မှ ရဲအုပ် သူရထွန်း ဦးစီး(၁+၅)ဦး၊ မြိတ်မြို့မ ရဲစခန်းမှ ဒုရဲအုပ် လှမျိုးဝေ ဦးစီး(၁+၄)ဦး၊ မြိတ်ခရိုင် ဆိုင်ကယ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ အတွင်းရေးမှူး ဦးသောင်းနိုင်ပါ (၃)ဦးတို့ ပါဝင်သော ပူးပေါင်း အဖွဲ့သည် မြိတ်မြို့၊ မြို့သစ်ရပ်ကွက်၊ မြို့သစ်ဈေးအနီး၊ ဦးမြတ်လေး လမ်းမကြီးတွင် မော်တော်ယာဉ် (၁၅)စီး၊ ဆိုင်ကယ်(၄၈)စီး တို့အား ယာဉ်လိုင်စင်/ယာဉ်မောင်းလိုင်စင် စစ်ဆေးဆောင်ရွက်ခဲ့ရာ ယာဉ်မောင်းလိုင်စင် မပါ မော်တော်ယာဉ်(၃)စီးနှင့် မော်တော်ဆိုင်ကယ်(၁၉)စီး၊ ပေါင်း(၂၂)စီးအား စစ်ဆေးတွေ့ရှိခဲ့ပြီး ဒေါ်မြင့်အောင်၊ (၄၄)နှစ်၊ (ဘ)ဦးအောင်ချစ်၊ မှတ်ပုံတင်(မမှတ်မိ)၊ ရောင်း/ဝယ်၊ သီတာ(၂)လမ်း၊ ထားဝယ်ကမ်းရပ်ကွက်၊ မြိတ်မြို့နေသူထံမှ နံပါတ်မပါ miofino အမျိုးအစား၊ ဘောင်/စက် အမှတ်(စိစစ်ဆဲ)၊ ဖြူ/ပြာရောင် ဆိုင်ကယ်(၁)စီးအား လိုင်စင်မဲ့စစ်ဆေးတွေ့ရှိခဲ့ ပါသည်။
 


ဆက်လက်၍ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်၊ ကမ်းနားလမ်း၊ ပုလဲရတနာခန်းမရှေ့တွင် မော်တော်ယာဉ် (၁၃)စီး၊ ဆိုင်ကယ်(၂၁)စီး၊ ပေါင်း(၃၄)စီး တို့အား ယာဉ်လိုင်စင်/ ယာဉ်မောင်းလိုင်စင် စစ်ဆေး ဆောင်ရွက်ခဲ့ရာ ယာဉ်မောင်း လိုင်စင်မပါ မော်တော်ယာဉ်(၆)စီးနှင့် မော်တော် ဆိုင်ကယ်(၈)စီး၊ ပေါင်း (၁၄)စီး စစ်ဆေး တွေ့ရှိခဲ့ပါသည်

သို့ဖြစ်ပါ၍ အဆိုပါ စစ်ဆေး တွေ့ရှိခဲ့သည့် ယာဉ်မောင်း လိုင်စင်မပါ ယာဉ်မောင်းများအား (၃-၄-၂၀၁၅) ရက်နေ့တွင် မော်တော်ယာဉ် အက် ဥပဒေအရ မြိတ်မြို့နယ် တရားရုံးသို့ တရားစွဲ တင်ပို့ သွားမည် ဖြစ်ကြောင်းနှင့် လိုင်စင်မဲ့ ဆိုင်ကယ်(၁)စီးအား ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန သို့ ပေးပို့ ယာဉ်စစ် ဆေးစေပြီး မြိတ်မြို့မ ရဲစခန်းသို့ အပ်နှံထား ရှိရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း သတင်းရရှိ ပါသည်။

ထို့အပြင် မြိတ်မြို့ မြို့မ ရဲတပ်ဖွဲ့ စခန်းမှူး ဒုရဲမှူး နေလင်းနှင့် သက်ဆိုင်ရာ ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့၊ အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်း အဖွဲ့သည် သင်္ကြန် ပွဲတော် အကြို ကာလ အတွင်း မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ ရောင်းချမှု မရှိ မရှိ မြိတ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။

0 comments: