Sunday, April 26, 2015

အသက် (၆)နှစ် အရွယ် မိန်းကလေးငယ်အား အသက် (၄၀)နှစ်အရွယ် အမျိုးသားတစ်ဦးမှ အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ပွား

အသက် (၆)နှစ် အရွယ်  မိန်းကလေးငယ်အား အသက် (၄၀)နှစ်အရွယ်  အမျိုးသားတစ်ဦးမှ အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ပွား

၂၀၁၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ညနေ (၅း၀၀) အချိန်ခန့် တနင်္သာရီတိုင်းဒေသကြီး­၊ မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာအုပ်စု­၊ ကင်းဆိုးကျေးရွာ၊ နတ်သလင်းတောင်ခြေ ဦး ----------- ရော်ဘာခြံ ခြံစောင့်တဲ ၌ အသက် (၆)နှစ် အရွယ်  မိန်းကလေးငယ်အား အသက် (၄၀)နှစ်အရွယ် အမျိုးသားတစ်ဦးမှ အဓမ္မပြုကျင့်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ညနေ (၄း၀၀) အချိန်ခန့် တနင်္သာရီတိုင်းဒေသကြီး­၊ မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာအုပ်စု­၊ ကင်းဆိုးကျေးရွာ၊ နတ်သလင်းတောင်ခြေ ခြံပိုင်ရှင် ဦး-----------ရော်ဘာ­ခြံ၌ ခြံစောင့်အဖြစ် လုပ်ကိုင်နေသော ဦးအောင်လွင်ဦး + ဒေါ်တင်ဌေး တို့၏ ခြံစောင့်တဲသို့ ၄င်းတို့နှင့် ခင်မင်ရင်းနှီးဝင်ထွက် သွားလာနေသူ တစ်ဦးဖြစ်သည့် အနီးအနားရော်ဘာခြံမှ ခြံစောင့်အလုပ်သမား ဦးလှစိုး (ခ) ကုလား (၄၀)နှစ် ဆိုသူသည် ပုံမှန်လာနေကျအတိုင်း­ ရောက်ရှိလာ၍ စကားစမြည် ပြောဆိုကြပြီး ဦးအောင်လွင်ဦး မှာ နွားများထိန်းကျောင်း­ရန် ထွက်သွားပြီးနောက် ဒေါ်တင်ဌေး သည်လည်း အိမ်တစ်ဖာလုံခန့် အကွာ­ ငရုတ်စိုက်ခင်းထဲ ငရုတ်ခူးသွားရန်အတွက်­ ဦးလှစိုး (ခ) ကုလားအား အိမ်၌ထားရစ်ခဲ့ပြီး အလုပ်လုပ်ရန်ထွက်လာခဲ­့ကြောင်း၊ တခဏမျှအကြာ ညနေ (၅း၀၀) အချိန်ခန့် ဒေါ်တင်ဌေး ငရုတ်ခူးနေစဉ် တဲအိမ်ဆီမှ သမီးလေး မပပလင်း (၆)နှစ် (ပထမတန်း ကျောင်းသူ အ.ထ.က - ၅ အင်္ဂမော်ကျေးရွာ)၏ အော်သံကို ကြားရသောကြေ­ာင့် နေအိမ်သို့ သွားရောက်ခဲ့ရာ နေအိမ် တံခါးမကြီးမှာ ပိတ်ထားသဖြင့် ထုရိုက်တွန်းဖွင့်သော်လည်း မရသောကြောင့် ၀ါးတရံကြားမှ ချောင်းမြောင်းကြည့်ရ­ှုခဲ့သည့် အခါ အိမ်နောက်ဖေး ရေစင်တွင် သမီးဖြစ်သူသည် ၄င်း၏ မိန်းမအင်္ဂါကို ရေဖြင့်ဆေးကြောနေပြီး­ နံဘေး၌ လှစိုး (ခ) ကုလား ငုတ်တုတ်ထိုင်နေသည်ကို တွေ့မြင်လိုက်ရကြောင်း၊ ဒေါ်တင်ဌေး မှာ တံခါးကို ထုရိုက်နှက်အတင်းအော်­ခေါ်ဖွင့်ခိုင်းသည့်ခဏ­အကြာမှ လှစိုး (ခ) ကုလား လာရောက်ဖွင့်ပေးပြီး နေအိမ်အောက်သို့ ဆင်းသွားကြောင်း၊ ဒေါ်တင်ဌေးမှ သမီးဖြစ်သူအား မေးမြန်းကြည့်သည့်အခါ­ လှစိုး (ခ) ကုလားသည် အိမ်ပေါ်သို့တက်လာပြီး­ နေအိမ်တံခါးမကြီးအား ပိတ်ကာ နေအိမ်လှေခါးအတက် ကြမ်းပြင်ပေါ်တွင် သမီးဖြစ်သူ၏ ဘောင်းဘီတိုအား အတင်းဆွဲချွတ်၍ ၄င်း၏ပုဆိုးကို အပေါ်လှန်တင်လျှက် ကိုယ်ပေါ်သို့တက်ခွပြီး သမီးဖြစ်သူ၏ မိန်းမအင်္ဂါအား ပွတ်သပ်ကာ သားမယားအဖြစ်ပြုကျင့်­ရန် ဆောင်ရွက်ခဲ့ကြောင်း သမီးဖြစ်သူပြောပြ၍ သိရ­ှိရသဖြင့် ဒေါ်တင်ဌေးမှာ နေအိမ်အောက်၌ရှိနေသော­ လှစိုး (ခ) ကုလားအား ကိုယ်ချင်းစာနာစိတ်မရှိ ဘာကြောင့် ဒီလိုလုပ်တာလဲစသဖြင့်­့် ပြောကြားရာ လှစိုး (ခ) ကုလား မှာ ၄င်းမှားသွားကြောင်းပြောကြားပြီး ပြန်သွားခဲ့ကြောင်း၊ ထိုနောက် လှစိုး (ခ) ကုလားသည် ၄င်း၏ မော်တော်ဆိုင်ကယ်ဖြင်­့ ညတွင်းချင်း မြိတ်မြို့သို့ ထွက်ပြေးလာခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ် ဧပြီလ ၂၄ ရက် တွင် ဒေါ်တင်ဌေးမှ သမီးဖြစ်သူ မပပလင်းအား သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်အားထုတ်ခဲ့သူ လှစိုး (ခ) ကုလားအား ဥပဒေအရ အရေးယူပေးပါရန် မြိတ်မြို့မရဲစခန်း၌ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြိတ်မြို့မရဲစခန်းမှ­ ပြစ်မှုဆိုင်ရာအမှတ် (ပ) ၁၇၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/­၅၁၁ အရ အမှုဖွင့်ကာ အမှုမှထွက်ပြေးတိမ်းရှောင်နေသူ လှစိုး (ခ) ကုလား (၄၀)နှစ် (ဘ) ဦးသန်းတင် ၊ ၆/ တသရ (နိုင်) ၀၅၁၃၆၆ ၊ မွတ်ဆလင်/­အစ္စလာမ်၊ နတ်သလင်းတောင်ခြေ၊ အင်္ဂမော်ကျေးရွာအုပ်စု၊ မြိတ်မြို့နယ်နေသူအား­ မြိတ်မြို့နယ်၊ အလယ်ကျွန်းနယ်မြေ၊ ပန်စရာရပ်ကွက်၊ ပြင်းငယ်ကျောင်းလမ်းသ­ွယ်၊ အမှတ် (၆၅၄)ရှိ ၄င်း၏အဒေါ်ဖြစ်သူနေအိမ­်တွင် ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ ၂း၃၀ အချိန်ခန့် ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

0 comments: