Friday, April 10, 2015

မြိတ်မြို့ အနီးရှိ ရေရှားပါးသည့် ရွာများသို့ သောက်သုံးရေများ အခမဲ့ ဖြန့်ဝေ

မြိတ်မြို့ အနီးရှိ ရေရှားပါးသည့် ရွာများသို့ သောက်သုံးရေများ အခမဲ့ ဖြန့်ဝေ

မြိတ်မြို့နယ် အတွင်းရှိ ရေရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေများ အခမဲ့ ဖြန့်ဝေ ပေးခြင်းကို  မြိတ်မြို့ အတွင်းရှိ ကိုယ်အားကိုယ်ကိုး မီးသတ်ရေယာဉ်များ အစီအစဉ်ဖြင့်
သွားရောက် ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။


ကျွန်တော်တို့ မီးသတ်အနေနဲ့ စန္ဒ၀တ် ကျေးရွာ အုပ်စုအတွင်းမှာ ရှိတဲ့ အဏ္ဏ၀ါ တိုးချဲ့ ရပ်ကွက်၊ ချမ်းမြေ့သာရီ ရပ်ကွက် တွေမှာ သောက်သုံးရေ အခက်အခဲ ရှိနေတဲ့ အိမ်ထောင်စုတွေကို မြိတ်မြို့ပေါ်က နေပြီး သွားရောက်ဖြန့်ဝေ ပေးပါတယ်။ အဲဒီ ရပ်ကွက်က မြိတ်မြို့ပေါ်ကနေပြီး မောင်းရင် (၉)မိုင်ကျော်လောက် ဝေးပါတယ်။ အခြား ရပ်ကွက်က မီးသတ် ရေသယ်ယာဉ် တွေလည်း သွားရောက် ဖြန့်ဝေပေးပါတယ် ။ ကျွန်တော်တို့ ရေသွားဝေနေတာ တစ်ပတ်လောက် ဖြစ်ပီ '' ဟု မြိတ်တောင် နယ်မြေ ကိုယ့်အားကိုယ်ကိုး မီးသတ်ရေယာဉ်ဖြင့် သွားရောက်ပြီး ရေဖြန့်ဝေ ပေးသူ တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။


ပူပြင်းသော နွေရာသီ အတွင်း မြိတ်မြို့ပေါ် ရပ်ကွက်များ၌ သောက်သုံးရေ ရှားပါးမှု အတွက် စိုးရိမ်စရာ မရှိသော်လည်း မြိတ်မြို့ အနီး ပတ်ဝန်းကျင် ကျေး၇ွာများ၌ အ၀ီစိ ရေတွင်းများ နည်းပါးမှုကြောင့် လည်းကောင်း၊ ရေတွင်းများတွင် ရေခန်းခြောက်မှုကြောင့် လည်းကောင်း ၊ သောက်သုံးရေများ ရရှိရေး အတွက် အခက်အခဲ ဖြစ်ပေါ်လျက် ရှိသည်။

အဓိကကတော့ တစ်နေ့လုပ် တစ်နေ့စား တွေက ရေအခက် အခဲ ပိုဖြစ်ပါတယ်။ အနီးအနားက ရေတွင်းတွေက ခန်းခြောက်တော့ ရေမထွက်တဲ့ အတွက် အခက်အခဲ ဖြစ်တာရယ်။ အဝေးမှာ ဆိုင်ကယ် ဒါမှမဟုတ် ဘေးတွဲ ဆိုင်ကယ်နဲ့ သွားရောက် ခပ်ယူဖို့ ဆိုတာကလဲ ငွေကြေး အခက် အခဲရှိတာရယ်ကြောင့် ဒီလို လက်လုပ်လက်စား ရပ်ကွက် တွေကို ရေသွားရောက် လှူဒါန်း ရခြင်း ဖြစ်ပါတယ် `` ဟု ရေသွားရောက် လှူဒါန်းသူ မီးသတ် တပ်ဖွဲ့ဝင်က ပြောသည်။

အဆိုပါေ၇လှူဒါန်းမှုကို လက်ခံ ၇၇ှိသူ တစ်ဦးမှ ``` ကျွန်မယောင်္ကျားက ပန်းရံလုပ်ပါတယ်။ မြို့ထဲထွက်ပြီး အလုပ်လုပ်တော့ သူပြန်လာမှ ပိုက်ဆံရပါတယ်။ ခါတိုင်းဆိုရင် အိမ်နားက ရေတွင်းတွေမှာ ရေခပ်လို့ အဆင်ပြေတယ်။ အခုတော့ ရေတွင်းတွေက ခန်းနေပီ။ ရေကား ၀ယ်ပြီး ဖို့ကလဲ ငွေအဆင်မပြေဘူး။ အိမ်မှာဆို သုံးရေ မပြောနဲ့ သောက်ဖို့တောင် ရေ အခက်အခဲ ဖြစ်နေတာ ။ အခုလို လာရောက်လှူဒါန်းတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဟု ဆိုသည်။

အခုလို ရေအခက်ခဲ ဖြစ်တဲ့ နေရာတွေကို အမြဲတမ်း သွားလှူနေမှာပါ။ သူတို့ ရေအခက်အခဲ ပြေလည်တဲ့ အချိန်ထိပေါ့။ မီးသတ် ရေသယ်ယာဉ် ၊ ရေကားအတွက် ဆီဖိုးကိုတော့ ကျွန်တော်တို့ သူငယ်ချင်း အားလုံး ၀ိုင်းစုပြီး ကျခံ လှူဒါန်းပေးမှာပါ`` မြိတ်တောင် ကိုယ့်အား ကိုယ်ကိုး မီးသတ်ယာဉ် ကြီးကြပ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောသည်။

0 comments: