Friday, April 10, 2015

သင်္ကြန်ကာလအတွင်း မှုခင်းများ မဖြစ်ပွားစေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မူးယစ် ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး ပညာပေး ဟောပြောပွဲ မြိတ်မြို့၌ ပြုလုပ်

သင်္ကြန်ကာလ အတွင်း မှုခင်းများ မဖြစ်ပွားစေရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မူးယစ် ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး ပညာပေး ဟောပြောပွဲ မြိတ်မြို့၌ ပြုလုပ်
---------------------------------------

၁၃၆၇  ခုနှစ် မဟာသင်္ကြန် ကာလအတွင်း မှုခင်းကျဆင်းရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ မူးယစ်ဆေးဝါနှင့် တားမြစ်ဆေးဝါးများ သုံးစွဲမှု ပပျောက်ရေးအတွက် အသိပညာပေး မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှ အသိပညာပေး ဟောပြောပွဲကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့ နေ့လည် (၁)နာရီ အချိန်မှ (၃) နာရီ အချိန်ထိ မြိတ်မြို့ မြိတ်တောင် ကျေးရွာအုပ်စု အောင်မင်္ဂလာ ရပ်ကွက် အောင်မင်္ဂလာ လမ်းမကြီးရှိ အောင်မင်္ဂလာ လူငယ်များ စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ရာ မြိတ်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ အရန် မီးသတ် တပ်ဖွဲ့ဝင်များ၊ ဆိုင်ကယ် တက္ကစီသမားများ၊ ရပ်ကွက်နေ ပြည်သူများ စုစုပေါင်း အင်အား (၆၀) နီးပါးခန့် တက်ရောက်ခဲ့သည်။


ဟောပြောပွဲတွင် မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဦးက သင်္ကြန်ကာလအတွင်း မှုခင်းများ မဖြစ်ပွားစေရေး အတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ၊ မှုခင်းဖြစ်ပွားမှုနှင့် လူအုပ်စုဖွဲ့၍ မင်းမဲ့စရိုက်ဆန်စွာ ကျူးလွန်သည့် မှုခင်းများ မဖြစ်ပွားရေး၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့် နောက်ဆက်တွဲ ဆိုးကျိုးများအားလည်းကောင်း၊ မြိတ်မြို့မ ရဲတပ်ဖွဲ့ စခန်းမှူး ဒုရဲမှူး နေလင်းက သင်္ကြန်ကာလအတွင်း ဆင်ခြင် လိုက်နာရမည့် အချက်များ၊ အရက် ၊ မူးယစ်ဆေးဝါး သောက်စား သုံးစွဲခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ပြစ်မှုများ၊ ပြစ်ဒဏ်များနှင့် ပတ်သက်၍ လည်းကောင်း၊  ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံး (မြိတ်)မှ ဒုရဲမှူး နေ၀င်းက ယာဉ်တိုက်မှုကြောင့် လူသေဆုံးရသည့် အဓိက အကြောင်းရင်းနှင့် ယာဉ်မောင်းသူများ လိုက်နာရန် အချက်များ၊ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ပြစ်မှု ပြစ်ဒဏ်များ၊ သင်္ကြန်ကာလ အတွင်း ယာဉ်တိုက်မှုများ လျော့နည်း ကျဆင်းရေး အတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကြိုတင် ကာကွယ် စစ်ဆေး ဆောင်ရွက်မှုများအား လည်းကောင်း၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့စိတ်(မြိတ်)မှ ဒုရဲမှူး သက်ဦးက လူမှောင်ခို၊ လူကုန်ကူးမှုများ ပေါ်ပေါက်လာပုံ အဆင့်ဆင့်၊ လူမှောင်ခို၊ လူကုန်ကူးမှုနှင့် ပတ်သက်၍ ကြုံတွေ့ရမည့် ဆိုးကျိုးများ၊ ပြစ်မှု ပြစ်ဒဏ်များကို ဟောပြောခဲ့ပြီးနောက် တက်ရောက်လာသူများအား ယာဉ်မောင်းသူများ လိုက်နာရန် စည်းကမ်းများနှင့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဆိုင်ရာနှင့်  ပတ်သက်၍ အသိပညာပေး စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

0 comments: