Monday, April 13, 2015

သင်္ကြန် အကြိုကာလ မူးယစ်ဆေးဝါးနှင့် မှုခင်းကျဆင်းရေး တနင်္သာရီမြို့တွင် ပညာပေး စစ်ဆေး

တနင်္သာရီ ဧပြီ (၁၂)ရက် နေ့၌ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့မရဲစခန်းမှ ဒုရဲအုပ်ထွန်းထွန်းနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ တနင်္သာရီမြို့နယ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ညှိနှိုင်းမှု ကော်မတီဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တနင်္သာရီမြို့၊ ချောင်းငယ်ရပ်၊ အမြန်ရေယာဉ်ဆိပ်တွင် သင်္ကြန် အကြိုကာလ အတွင်း ပြည်သူနှင့် လူငယ်များ အကြား ကျရောက် လာနိုင်သည့် မူးယစ်ဆေးဝါး အန္တရာယ်နှင့် မှုခင်း ကျဆင်းရေးကို ကြိုတင်မျှော်တွေးလျက် အမြန်ရေယာဉ်(၁)စီး၊ ကုန်တင်စက်လှေ (၅)စီးတို့အား မူးယစ်ဆေးဝါးများ သယ်ဆောင်ခြင်း ရှိ/မရှိနှင့် အမြန်ရေယာဉ်တွင် လိုက်ပါသည့် ခရီးသည်များ အသက်ကယ် 
 

 
 
အင်္ကျီဝတ်ဆင်ကြရန်၊ သတ်မှတ်ခရီးသည် အရေအတွက်ထက် ပိုမတင်ရန်၊ ခရီးသည်များ အမိုးထက်တွင် လိုက်ပါစီးနင်းခြင်း မပြုကြရန်၊ အမြန်ရေယာဉ်/ စက်လှေမောင်းသူ များသည် မူးယစ်ဆေးဝါးနှင့် အရက်သေစာ သောက်စား၍ မောင်းနှင်ခြင်း မပြုကြရန် အသိပညာပေး စစ်ဆေး ဆောင်ရွက်ကြောင်း သိရှိရပါသည်။





0 comments: