Saturday, April 25, 2015

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ အင်းရှည်ကုန်း ကျေးရွာတွင် စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ



တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ အင်းရှည်ကုန်း ကျေးရွာတွင် စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ နေ့လည် (၁)နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူ ရဲကင်း စခန်းမှူး ရဲအုပ်စောလှသည် သက်သေများ နှင့်အတူ တကူကျေးရွာ အုပ်စု၊ အင်းရှည်ကုန်း ကျေးရွာနေ ဦးနေလင်း၏ နေအိမ်သို့ မြို့နယ် ရဲတပ်ဖွဲ့မှူး၏ နေအိမ်သို့ မူးယစ်ဆေးဝါး ရှာဖွေ ခွင့် ၀ရမ်းအမှတ်(၁/၂၀၁၅)ဖြင့် ၀င်ရောက်ရှာဖွေခဲ့ရာ နေအိမ်တွင် ဦးနေလင်းအား မတွေ့ရှိရဘဲ ၄င်း၏ ဇနီး ဖြစ်သူ မမိဌေး(ခ)မဌေးဌေးမူ (ဘ) ဦးမောင်ဖေအား တွေ့ရှိပြီး နေအိမ် အတွင်း ရှာဖွေရာ နေအိမ် အတွင်းခန်း သနပ်ခါး ကျောက်ပျဉ်ဘေးတွင် ချထားသော ပန်းရောင် ပလပ်စတစ် လက်ဆွဲအိတ် အတွင်းမှ အပြာရောင် ပလပ်စတစ်အိတ်ငယ် (၂)အိတ်ဖြင့် ထည့်လျှက် စိတ်ကြွ ရူးသွပ်ဆေးပြားဟု ယူဆရသော WY စာတမ်းပါ ပန်းရောင်ဆေးပါ (၂၀၀)ပြားပါ (၁)အိတ်နှင့် (၁၇၀)ပြားပါ (၁)အိတ်၊ စုစုပေါင်း ပန်းရောင် ဆေးပြား (၃၇၀)ပြား၊ အလေးချိန်(၃၇) ဂရမ်တို့အား တွေ့ရှိခဲ့ပြီး သက်သေများ ရှေ့တွင် ရှာဖွေ ပုံစံဖြင့် သိမ်းဆည်းခဲ့သည်။ 




ဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ကြွ ရူးသွပ် ဆေးပြားများအား လက်ဝယ် ထားရှိသူ မမိဌေး(ခ) မဌေးဌေးမူ အား တနင်္သာရီ မြို့မ ရဲစခန်း မယ(ပ) ၅/၂၀၁၅၊ မူး/ စိတ် ပုဒ်မ ၁၅/ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထား ရှိကြောင်း သတင်းရရှိ ပါသည်။


         

0 comments: