Tuesday, April 28, 2015

ရေကြောင်းလူငယ် သင်တန်း (မြိတ်စခန်း ) သင်တန်းသား/သူများအား တနင်္သာရီရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး တွေ့ဆုံမှာကြား

ရေကြောင်းလူငယ် သင်တန်း (မြိတ်စခန်း ) သင်တန်းသား/သူများအား တနင်္သာရီရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး တွေ့ဆုံမှာကြား

(ပင်လယ်နှင့် လူငယ်တွေ့ဆုံစေခြင်း )

မြိတ်မြို့တွင် ဖွင့်လှစ်ထားသည့် ရေကြောင်းလူငယ် သင်တန်း အခြေခံသင်တန်း (၁/၂၀၁၅)နှင့် တန်းမြင့်သင်တန်း (၁/၂၀၁၅)သို့ တက်ရောက်နေသည့် သင်တန်းသား သင်တန်းသူများအား တနင်္သာရီရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ်မိုးအောင်မှ ၂၀၁၅ ခုနှစ် ၊ ဧပြီလ ၂၇ ရက်နေ့ နံနက် (၉)နာရီခွဲ အချိန်တွင် ၄င်းသင်တန်း ဖွင့်လှစ်ရာ မြိတ်မြို့ အခြေခံပညာ အထက်တန်းကျောင်းခွဲ (အုန်းတော) ကျောင်း ခန်းမ၌ တွေ့ဆုံပြီး အမှာစကား ပြောကြားသည်။



 ဌာနချုပ်မှူးမှ မြန်မာ့ပင်လယ်ပြင် ထိန်းသိမ်းရေးနှင့် ပင်လယ်ပြင် ထိန်းသိမ်းခြင်းဖြင့် အနာဂတ် အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရေးနှင့် ပတ်သက်၍ ''' ယခု ဖွင့်လှစ်တဲ့ သင်တန်းမှာ ရေကြောင်း လူငယ်များ အဖြစ် မြတ်မြတ်နိုးနိုး သင်ယူလေ့လာ လိုစိတ်နဲ့ သင်တန်း တက်ရောက်ခဲ့တဲ့ အတွက် အလွန် ဂုဏ်ယူ ၀မ်းမြောက်မိကြောင်း ပြောကြားလိုတယ်။ ဒီသင်တန်းကို တက်ရောက် သင်ယူကြမယ့် မောင်တို့ မယ်တို့ အနေနဲ့ မိမိတို့ရဲ့ အဖိုးတန်လှတဲ့ အချိန်တွေကို သင်တန်း တက်ရောက်ခြင်းဖြင့် အကျိုးရှိစွာ အသုံးချနေခြင်းပဲ ဖြစ်တယ်။ ပင်လယ်ဟာ ဒို့တိုင်းပြည်ရဲ့ အနာဂတ် ဖြစ်တယ်။ လူငယ်ကလဲ ဒို့ရဲ့ အနာဂတ်ပဲ ဖြစ်တယ်။ ယနေ့ လူငယ် နောင်ဝယ် လူကြီး ဖြစ်လာကြမယ့် လူငယ်တို့ အနေနဲ့ အနာဂတ် အကျိုးစီးပွားကို ဖော်ဆောင်နိုင်ဖို့ အလွန်အရေးကြီးတယ်။ အနာဂတ် အကျိုးစီးပွားများ တည်ရှိရာ ပင်လယ်ပြင်ကြီးကို အနာဂတ် လူငယ်တွေက ပုံဖော်သွားရမယ်ပဲ ဖြစ်တယ်။ ဒီသင်တန်းဟာ အနာဂတ် ပင်လယ်နှင့် အနာဂတ် လူငယ်တွေ ဆုံစည်း မိစေဖို့ အစပြုတဲ့ တွန်းအား တစ်ခုဖြစ်လို့ တန်ဖိုးရှိတဲ့ သင်တန်း ဖြစ်တယ် `` ဟု ပြောကြားသည်။


ပြီးနောက် ယခင်နှစ် အခြေခံ သင်တန်းတက်ရောက်ပြီး၍ တန်းမြင့်သင်တန်းသို့ ဆက်လက် တက်ရောက်ခွင့် ရရှိသူ သင်တန်းသူ တစ်ဦးမှ ယခင်နှစ် သင်တန်း အတွေ့အကြုံများနှင့် လေ့လာရေး ခရီးစဉ်များအား ရှင်းလင်း တင်ပြသည်။

ထိုနောက် တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူးမှ သင်တန်းသားသူများနှင့် စာသင်ကျောင်းတွင် အသုံးပြုရန် ရေပူရေအေးစက်များ၊ ကျောပိုးအိတ်များ၊း သောက်ရေဘူး အား လှူဒါန်းပြီး လက်ထောက်မြို့နယ် ပညာရေးမှူး မှ ကျေးဇူးတင်စကား ပြောကြားသည်။ ထိုနောက် သင်တန်းသား သင်တန်းသူများနှင့် အမှတ်တရ ဓာတ်ပုံများ မှတ်တမ်းတင် ရိုက်ကူးသည်။

အဆိုပါ ရေကြောင်းလူငယ် သင်တန်း ကို အခြေခံနှင့် တန်းမြင့် သင်တန်းဟု ခွဲခြား၍ ဖွင့်လှစ်ထားပြီး အခြေခံ ရေကြောင်းလူငယ် သင်တန်းတွင် သင်တန်းသား / သူ (၃၀) ဦး၊ တန်းမြင့် သင်တန်းတွင် သင်တန်းသား/သူ (၂၀) ဦး တက်ရောက် သင်ကြားလျက် ရှိပြီး သင်တန်း နည်းပြ (၁၂)ဦးမှ အခြေခံ စစ်ရေးပြ ၊ ရေကူး၊ ရေတပ်သား ဘာသာရပ်၊ ရေကြောင်းလမ်းညွှန်၊ အချက်ပြ ဆက်သွယ်ရေး၊ အခြေခံ လှေလှော် ရွက်တိုက် စသည့် ဘာသာရပ်များအား ရက်သတ္တ (၄)ပတ် ဖွင့်လှစ် ပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။



0 comments: