Thursday, April 30, 2015

ကျွန်းစုမြို့ပေါ်၌ သောက်သုံးရေ အခမဲ့ ဖြန့်ဝေ

ကျွန်းစုမြို့ပေါ်၌ သောက်သုံးရေ အခမဲ့ ဖြန့်ဝေ

နွေရာသီကာလ အတွင်း  ကျွန်းစုမြို့ပေါ် ရပ်ကွက်များတွင်  သောက်သုံးရေများ အခက်အခဲ ဖြစ်ပေါ်လျက် ရှိပြီး သောက်သုံးရေ ရရှိရန် အတွက် ဈေးနှုန်း ကြီးမြင့်စွာ ၀ယ်ယူသုံးစွဲနေရကြောင်း သိရသည်။

Add caption



ကျွန်းစုမြို့နယ် အမှတ် (၁) ရပ်ကွက်တွင် အိမ်ခြေ (၁၈၀) ခန့် ရှိပြီး လူဦးရေ (၉၀၀)ကျော်ခန့် နေထိုင် ကြကာ သောက်သုံးရေ ရှားပါးသောကြောင့် (၃၅) ဂါလန်ဆံ့ ရေတိုင်ကီ တစ်လုံးလျှင် ငွေကျပ် (၈၀၀ိ) ဈေးနှုန်းဖြင့် ၀ယ်ယူသုံးစွဲလျက် ရှိကြောင်း သိရသည်။

ထိုသို့ သောက်သုံးရေ ရှားပါးမှုအပေါ် သက်သာရာ ရစေရန် အတွက် တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ ဂါလန် (၈၀၀)ဆန့် ရေသယ်ယာဉ် (၂)စီး ဖြင့် ၂၀၁၅ ခုနှစ် ဧပြီလ (၂၉) ရက်နေ့ နေ့လည်ပိုင်းတွင် အခမဲ့ သွားရောက် ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိသည်။

0 comments: