Tuesday, April 28, 2015

ပုလော ဒေသထွက် ရှပ်သီ ခြောက် များကို ဒေသ လက်ဆောင်အဖြစ် ဝယ်ယူသူ များပြားလာ

 ပုလော ဒေသထွက် ရှပ်သီ ခြောက် များကို ဒေသ လက်ဆောင်အဖြစ် ဝယ်ယူသူ များပြားလာ

မြိတ် ဧပြီ  ၂၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်တွင် ဒေသထုတ်ရေထွက်ကုန် ပစ္စည်းများ ဖြစ်သော ငါးပိ၊ ငါးခြောက် များအနက် ပုလော ရှပ်သီခြောက်များကို ခရီးသွားပြည်သူ အများစုက လက်ဆောင်ပစ္စည်းအဖြစ်  ဝယ်ယူကြသောကြောင့် ရောင်းအားကောင်းလာပြီး အရောင်း အဝယ် ဖြစ်နေကြောင်း ဒေသခံ ရှပ်သီခြောက် ပြုလုပ် ရောင်းချသူများထံမှ သိရ သည်။ အဆိုပါ ရှပ်သီခြောက်များသည် ပုလောမြို့နယ် အတွင်းရှိ ရှပ်ပုံကျေးရွာ၊ ကြဲကျေးရွာနှင့် အနီးအနား ပတ်ဝန်းကျင် ကျေးရွာတို့မှ အဓိကထွက်ရှိပြီး စားသုံးသူများ နှစ်ခြိုက်လျက်ရှိကာ ဝယ်ယူသူ များပြားလာသဖြင့် ယခင်နှစ်က ရှပ်သီခြောက် တစ်စည်းလျှင် ငွေကျပ် ၁ဝဝဝ သာ ပေါက်ဈေး ရှိကာ ယခုအခါ ရှပ်သီခြောက် တစ်စည်းလျှင် ငွေကျပ် ၁၅ဝဝ အထိ ဈေးကောင်းရလာကြောင်း ပုလောမြို့နယ် ကြဲကျေးရွာမှ ရှပ်သီခြောက် ပြုလုပ်ရောင်းချသူ တစ်ဦးက ပြောသည်။


ပုလောဒေသထွက် ရှပ်သီခြောက်များကို မြိတ်မြို့ပေါ် ဈေးကွက်တွင် အသားကင်၊ ငါးကင် ရောင်းချသူများက ရှပ်ကင်များပါ တွဲဖက် ရောင်းချကြသည်။ မြိတ်-ရန်ကုန် ခရီးသည် အများစု သည် ပုလောဒေသ မှ ရှပ်သီခြောက်ချောင်း များကို လက်ဆောင်အဖြစ် မှာယူသူ များပြားလာ သောကြောင့် ဈေးကောင်းရရှိကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

မြ၀တီသတင်းစာ

0 comments: