Thursday, April 30, 2015

ဒိုမယ်ကျွန်းတွင် ဟိုတယ်၊ ဆေးရုံ၊ လေယာဉ်ကွင်း၊ ကျောင်း၊ ဂေါက်ကွင်းနှင့် အဆောက်အအုံများစွာ ပါဝင်မည့်အကြီးစား စီမံကိန်း ဆောင်ရွက်မည်

ဒိုမယ်ကျွန်းတွင် ဟိုတယ်၊ ဆေးရုံ၊ လေယာဉ်ကွင်း၊ ကျောင်း၊ ဂေါက်ကွင်းနှင့် အဆောက်အအုံများစွာ ပါဝင်မည့်အကြီးစား စီမံကိန်း ဆောင်ရွက်မည်

(((( Wednesday, 29 April 2015 ပြည်ထောင်စု နေ့စဉ် သတင်းစာမှ ))))

မြိတ်ကျွန်းစု အတွင်း တည်ရှိ သော ဒိုမယ်ကျွန်း တွင် ဟိုတယ်၊ ဆေးရုံ၊ လေယာဉ်ကွင်း၊ ကျောင်း၊ ဂေါက်ကွင်းနှင့် အဆောက် အအုံ များစွာ ပါဝင်မည့် အကြီးစား စီမံကိန်း ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် ထံသို့ တင်ပြထား ပြီးဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။





''စီမံကိန်းက အရမ်းကြီးပါ တယ်။ ရင်းနှီး မြှုပ်နှံမှုကလဲ များပါတယ်။ အခု လက်ရှိမှာတော့ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်ကို တင်ပြ ထားဆဲပါ'' ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူကပြော သည်။

အဆိုပါ စီမံကိန်းကို မြန်မာနိုင်ငံသားပိုင် Polastric Wint & Partners Leyal Service Co.,Ltd နှင့် နိုင်ငံခြား ကုမ္ပဏီ တစ်ခုတို့ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပြီး ရင်းနှီး မြှုပ်နှံမှု ပမာဏမှာ ကန် ဒေါ်လာ ၃၅ သန်းဖြစ်ကာ ကျွန်းများပေါ်တွင် ဟိုတယ် တည်ဆောက်ရန် ကော့ သောင်းခရိုင် အတွင်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းညွှန်ကြားမှု ဦးစီးဌာန မှ လိုင်စင် ရယူလျှောက်ထားသည့် စာရင်းအရ သိရသည်။

ဒိုမယ်ကျွန်းတွင် တည်ဆောက် ရန်အတွက် မြေဧက ၁၈၂၁၄ဧက လျှောက်ထားသော်လည်း အဆိုပါ မြေဧက များကို တစ်ကြိမ်တည်းခွင့် မပြုဘဲ အပိုင်းလိုက်သာ ခွင့်ပြုသွား မည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ဟိုတယ်/ ခရီး ဝန်ကြီး ဦးအောင်ကျော်ကျော်ဦးက ပြော သည်။
လက်ရှိတွင် ကျွန်များ၌ ဟိုတယ် တည်ဆောက်ရန် အဆိုပြုလွှာ များ တင်ပြထားရာ မြေငှားရမ်းခကို နှစ်၅ဝသာ စာချုပ်ချုပ် ဆိုရန် ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ကျွန်းတစ်ခုလုံး နီးပါး တည်ဆောက်မည့် စီမံကိန်းနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ တာဝန်ရှိသူက ယခုနောက်ပိုင်း တွင် တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ဟိုတယ်နှင့် ခရီးသွားလုပ် ငန်း ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ် ၍ခွင့်ပြုပေးနေခြင်း ဖြစ်သလို အလုပ် အကိုင် အခွင့်အလမ်း များလည်း ရရှိ စေရန် ရည်ရွယ်၍ ခွင့်ပြုခြင်းဖြစ် ကြောင်းသိရသည်။

ခွင့်ပြုပြီးသော ကုမ္ပဏီများကို တစ်နှစ် အတွင်း တည်ဆောက်ရေး လုပ်ငန်းများ မဆောင်ရွက်ပါက စာချုပ် ပျက်ပြယ်သွားမည်ဖြစ်သည် ဟု ဟိုတယ်/ ခရီးဝန်ကြီး ဦးအောင် ကျော်ကျော်ဦးက ပြောသည်။
''အခုနောက်ပိုင်းမှာတော့ တိုင်းဒေသကြီး အစိုးရအနေနဲ့ မြေငှားရမ်းခ ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ရပါတယ်။ ဒီဝင်ငွေတွေက အစိုးရ အဖွဲ့ထဲကို ဝင်ရောက်မှာ ဖြစ်တယ်။ ဒါ့အပြင် ဟိုတယ်တွေဆီကလဲ သူတို့ ရဲ့အမြတ်ငွေထဲကနေ ၂ရာခိုင်နှုန်းကို ရရှိမှာဖြစ်တယ်။ ရရှိလာတဲ့ ဝင် ငွေတွေကို ဒေသ ဖွံ့ဖြိုးရေး အတွက် ပြန်လည် သုံးစွဲသွားမှာဖြစ်တယ်'' ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူကပြောသည်။
လက်ရှိတွင် ကျွန်များပေါ်၌ နိုင်ငံခြားသား ဟိုတယ် တည်ဆောက်ပါက မြေငှားရမ်းခ အဖြစ် တစ်ဧက ကို တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၃၅ ဒေါ်လာ သတ်မှတ် ထားပြီး မြန်မာ နိုင်ငံသား တိုင်းရင်း သား ပိုင် တည်ဆောက် ပါက တစ်နှစ်လျှင် ကျပ်၂ဝဝဝဝ သာ သတ်မှတ် ထားကြောင်း သိရသည်။

ယဉ်ယဉ်လှ

0 comments: