Saturday, April 25, 2015

လှိုင်းကြီး၍ စက်လှေနစ်မြှုပ်

လှိုင်းကြီး၍ စက်လှေနစ်မြှုပ်

မြိတ်မှ ရေကန်တောင် ကျေးရွာသို့ ပြေးဆွဲသည့် ခရီးသည်တင် စက်လှေတစ်စီးသည် လှိုင်းကြီးသဖြင့် တောပြားကြီး ကျေးရွာအနီး ရေပြင်၌ ၂၀၁၅ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ နံနက် (၁)နာရီခန့် အချိန်တွင် နစ်မြှုပ်သွားကြောင်း သိရသည်။

၎င်းစက်လှေမှာ ရေကန်တောင် ကျေးရွာနေ ဦးချစ်ပုန်း(ခ) လှဌေး ပိုင်ဆိုင်သော ယုဇနဌေး အမည်ရှိ လှေဖြစ်ပြီး အလျား (၆၀)ပေ၊ အနံ ၁၂ ပေခန့် ရှိပြီး မစ်ဆူဘီရှိ (၇၆) လေးလုံးထိုး စက်တပ်ဆင်ထားကာ မြိတ်မြို့မှ ရေကန်တောင်ကျေး၇ွာသို့ ခရီးသည် (၃၀)ခန့်နှင့် ဆန်အိတ်များ တင်ဆောင်လာစဉ် လှိုင်းကြီး နစ်မြှုပ်သွားကြောင်း သိရသည်။


စက်လှေနစ်မြှုပ်နေစဉ် အတွင်း တောပြားကြီး ကျေးရွာမှ စက်လှေ (၅)စီးနှင့် ရွာသားများမှ ၀ိုင်းဝန်း ကယ်ဆယ်မှုကြောင့် ခရီးသည်များ အသက်ဆုံးရှုံးမှု မရှိဘဲ လှေပေါ်မှာ ဆန်အိတ်နှင့် ကုန်ပစ္စည်းများ တန်ဖိုး သိန်း (၂၀)ခန့် ဆုံးရှုံးသွားကြောင့် သတင်းရရှိသည်။


0 comments: