Thursday, April 4, 2013

မြိတ်မြို့ မဟာသိဒ္ဒိဇယစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ် စန္ဒ၀တ်ကျေးရွာအုပ်စု စန္ဒ၀တီကုန်းတော်ပေါ်တွင် တည်ထား ကိုးကွယ်လျက် ရှိသည့် မဟာသိဒ္ဒိဇယစေတီတော်မြတ်ကြီး၏ အဌမအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ တော်ကြီးကို ၁၃၇၄ခုနှစ် တပေါင်းလပြည့်ကျော် (၁၂)ရက်နေ့မှ တန်ခူးလဆန်း (၁)ရက်နေ့ အထိ (၇-၄-၂၀၁၃ ရက်နေ့မှ ၁၁-၄-၂၀၁၃ရက်နေ့အထိ) (၅)ရက်တိုင်တိုင် အစဉ်အလာ မပျက် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို (၇-၄-၂၀၁၃) နံနက် (၉)နာရီတွင် လည်းကောင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို (၁၁-၄-၂၀၁၃) နံနက် (၅)နာရီတွင် လည်းကောင်း၊ ဆွမ်းဆန် တော်လောင်းလှူပွဲ အခမ်းအနားကို (၁၁-၄-၂၀၁၃) ညနေ (၄)နာရီတွင် လည်းကောင်း ကျင်းပ သွားမည် ဖြစ်ပါ ကြောင်းနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲတွင် သံဃာတော်နှင့် သီလရှင် စုစုပေါင်း (၁၀၈)ပါးတို့အား ဆွမ်းဆန်တော်လောင်းလှူကြမည်ဖြစ်ပါကြောင်း သတင်းရရှိသည်။


0 comments: