Sunday, April 14, 2013

တနင်္သာရီမြို့နယ် မဟာ သင်္ကြန် ဗဟိုမဏ္ဍာပ် ဖွင့်ပွဲ ကျင်းပ



မြိတ်ခရိုင် တနသာင်္ရီမြို့နယ် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို တနသာင်္ရီမြို့ ဗဟိုမဏ္ဍပ်တွင် ဧပြီ ၁၃ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန လ/ထ ညွှန်ကြားရေးမှူး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက အဖွင့်အမှာ စကားပြောကြားပြီး မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးယုံဘီး၊ အမျိုးသား လွတ်တော်ကိုယ်စားလှယ် ဦးသန်းမြင့်နှင့် မြို့ နယ်ဖွံ့ ဖြိုးတိုးတက်ရေး ဥက္ကဌ ဦးရဲထွန်းလွင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။

ထိုနောက် ပြိုင်ပွဲဝင် အကအဖွဲ့ များနှင့် ဖျော်ဖြေရေး အကအဖွဲ့ များက မြူမှောင်ဝေကင်း၊ မန်းတောင်ရိပ်ခို သီချင်းဖြင့် တပျော်တပါး ကပြလျှက် ဖွင့်ပွဲ အခမ်းအနားကို ညနေ (၅း၃၀) တွင်ပြီးဆုံးကြောင်း သိရပါသည်။

မဟာသင်္ကြန်ဗဟို မဏ္ဍာပ်တွင် ယိမ်းအဖွဲ့ ၁၅ ဖွဲ့ မှ တညလျှင် ၅ ဖွဲ့ စီ ယှဉ်ပြိင်မည် ဖြစ်ပြီး ကျေးရွှာပေါင်းစုံမှ ဖျော်ဖြေရေး အဖွဲ့ ၂၁ ဖွဲ့မှ ကပြ ဖျော်ဖြေကြမည် ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို သင်္ကြန် အတက်နေ့ ညပိုင်းတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

တနင်္သာရီသား page


0 comments: