Saturday, April 6, 2013

မြိတ်မြို့ အေးချမ်း တည်ငြိမ်ရေး အဖွဲ့အစည်း ပေါင်းစုံ ပါဝင်၍ ညှိနှိုင်း အစည်းအဝေး ပြုလုပ်

မြိတ်ခရိုင် မြိတ်မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေးနှင့် အေးချမ်းစွာ လုပ်ကိုင် စားသောက်နိုင်ရေး၊ ဘာသာ ပေါင်းစုံ ချစ်ကြည် ရင်းနှီးရေး အတွက် စုပေါင်း ဆောင်ရွက်ရန် ရည်ရွယ်ချက် ဖြင့် မြိတ်မြို့နယ် အတွင်းရှိ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ မြို့မိ မြို့မများ ၊ မြိတ်မြို့အတွင်း လူမှုရေး၊ ဘာသာရေး သာသနာရေး အကျိုးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ ပါဝင်သည့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအား (၆-၄-၂၀၁၃) ရက်နေ့ နံနက် (၁၀) နာရီ အချိန် မြိတ်မြို့ လေးကျွန်း ဆီမီး သိမ်တော်ကြီး ကုန်းတော်ပေါ်ရှိ သာသနာ့ ဗိမာန်တွင် ကျင်းပပြုလုပ်သည်။ 


အစည်းအဝေးတွင် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး ၊ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ရွှေညာမောင် တို့က မြိတ်မြို့နယ် အတွင်း တည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်လျက် ရှိသည့် အခြေအနေ၊ အစည်းအဝေး တက်ရောက် လာကြသည့် အဖွဲ့ အစည်း များကလည်း ပူးပေါင်း ပါဝင် ဆောင်ရွက် နိုင်ရေး ဆွေးနွေး ပြောကြားပြီးနောက် အစည်းအဝေး တက်ရောက် လာကြသူများက ပြန်လည် ဆွေးနွေးကာ ၁၂ ၃၀ အချိန် အစည်းအဝေး ရပ်နား ကြောင်း သတင်းရရှိ ပါသည်။ 


0 comments: