Friday, April 26, 2013

မြိတ်မြို့ ကမ်းနားလမ်း ကြက်လျှာစွန်းရှိ လမ်းနေရာအား မြေကွက် အဖြစ်ဖော်ဆောင်ရန် ပြုလုပ် ထားခြင်းနှင့် ပတ်သက်၍ ပေးစာ

 မြိတ်မြို့၊ ကန်ကြီးရပ်ကွက်၊ ကမ်းနားလမ်းနှင့် သဲကွင်း လမ်းခွဲ လမ်းဆုံနေရာ၊ ကြက်လျှာစွန်း ပန်းခြံအနောက်လမ်း၊ စည်ပင်သာယာပိုင် လမ်းနေရာကို တိုင်များ စိုက်၍ မြေကွက်နေရာ ဖော်ဆောင်ရန် အတွက် ပြုလုပ်ထားကြောင်း တွေ့ရှိရသည်။ လမ်းနေရာကို မြေကွက်အဖြစ် ဖော်ဆောင်ရန် ပြုလုပ် ထားသည်မှာ မဖြစ်သင့် မဖြစ်ထိုက်သည့် အရာများပင် ဖြစ်သည်။ အများ အကျိုး၊ ပြည်သူလူထု အကျိုးအတွက် ပြုလုပ်သည်ဆိုလျှင် ပြောစရာ မလိုပါ။ ယခုကား အများအကျိုး ပြည်သူလူထု အကျိုး အတွက် မဟုတ်ဘဲ ကိုယ့်အကျိုး၊ ကိုယ့်စီးပွားကိုသာ ကြည့်ပြီး တောင်းတဲ့သူက တောင်းပြီး ပေးတဲ့သူ ကလည်း ပေးထားသည်မှာ တော်တော်ပင် လွန်ကဲလွန်း လှသည်။ ထိုကဲ့သို့ လမ်းနေရာကို မြေကွက် အဖြစ် ဖော်ဆောင်ရန် ပြုလုပ်၍ ရမည်ဆိုပါက ပြည်သူလူထု အနေဖြင့်လည်း မိမိ လိုအပ်သည့် နေရာ (မည်သည့် နေရာပင်ဖြစ်စေ ကာမူ) တောင်းလျှင် ရနိုင်ပါ သလားဟု ထင်မြင် စရာပင် ဖြစ်သည်။ 
 
ယခုဆိုရင်ဖြင့် ပြောင်းလဲ တိုးတက် အကောင် အထည်ဖော် တည်ဆောက် နေသော စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီခေတ်နှင့် များစွာပင် ကွဲလွဲလျှက် ရှိနေပါသည်။ ပြည်သူ လူထုကို အလေးထား ဂရုမပြုဘဲ လုပ်ဆောင်သည့် သဘော သက်ရောက်နေ ပါသည်။ သို့ဖြစ်ပါ၍ လမ်းနေရာကို မြေကွက်အဖြစ် ဖော်ဆောင်ရန် ပြုလုပ်ထားခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များ အနေဖြင့် ပြန်လည် သုံးသပ် စိစစ် ဆောင်ရွက်ပေး ပါရန် တင်ပြအပ် ပါသည်။
 





 


0 comments: