Tuesday, April 9, 2013

မြိတ်မြို့ သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေး မူလတန်းလွန်ကျောင်းအုပ် ဆရာတော် မဟာသဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ သုဇာတအား ဂုဏပူဇာမင်္ဂလာ အခမ်းအနားကျင်းပ

မြိတ်မြို့ သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေး မူလတန်းလွန် ကျောင်းအုပ်ဆရာတော် မဟာ သဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ သုဇာတအား တပည့်တကာ၊ တကာမများမှ စုပေါင်း၍ ဂုဏပူဇာ မင်္ဂလာ အခမ်းအနားကို မတ်လ (၇)ရက် နံနက် (၉)နာရီတွင် အဆိုပါကျောင်းတိုက်၌ကျင်းပရာ သံသရာ အေးဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်းအုပ်ဆရာတော် မဟာ သဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ် တော်ရ ဘဒ္ဒန္တ သုဇာတ အမှူးပြုသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ တပည့်တကာ၊ တကာမများ တက်ရောက်ကြသည်။

ရှေးဦးစွာ တက်ရောက် လာကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ သူတော်ကောင်း အပေါင်းတို့က နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်သည်။ ထိုနောက် သံသရာအေး ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ မဟာ သဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ် တော်ရ ဘဒ္ဒန္တ သုဇာတနှင့် သံဃာတော်အရှင်သူမြတ်များအား တပည့်တကာ၊ တကာမများမှ လှူဖွယ် ၀တ္ထုများ ဆက်ကပ် လှူဒါန်းကြပြီး ဆရာတော် ဘဒ္ဒန္တ သုဇာတ ထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက် သွန်းချ အမျှပေး ဝေကြကာ အခမ်းအနားကို ဗုဒ္ဒသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားရုပ်သိမ်းလိုက်သည်။ အခမ်းအနားအပြီးတွင် ဆရာတော်၊ သံဃာတော်အရှင်သူ မြတ်များ အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပြီး ဧည့်ပရိတ်သတ် အပေါင်းအား နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံကြကြောင်း သတင်း ရရှိသည်။

0 comments: