Monday, April 22, 2013

၁၅၀၀ ကျပ်တန် CDMA 800 MHz ဖုန်း ဆင်းကတ်များ မြိတ်မြို့ အုပ်ချုပ်ရေးမှူးရုံးများတွင် လျှောက်ထားနိုင်၊ မြိတ်မြို့နယ် အတွက် ဖုန်းအလုံး (၃၀၉၀) ချထားမည်ဟု သိရ

မြိတ်မြို့နယ်အတွင်း ချထားပေးမယ့် တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် CDMA 800 MHz ဖုန်း ဆင်းကတ်များ အား မြိတ်မြို့ပေါ် (၁၂) ရပ်ကွက်နှင့် ကျောက်ဖျာ အုပ်စု ၊ ကလွင်အုပ်စု၊ မြိတ်တောင် ကျေးရွာအုပ်စု၊ စန္ဒ၀တ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရုံးများတွင် ပြည်သူများ အနေဖြင့် ကိုယ်တိုင်ရေး လျှောက်လွှာ၊ အိမ်ထောင် စာရင်း မူရင်း+ မိတ္တူ(၁)စောင်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား မူရင်း+ မိတ္တူ(၂)စောင်၊ ကာလာ ဓာတ်ပုံ(၂)ပုံဖြင့် ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရုံးများတွင် လျှောက်ထား နိုင်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ စိစစ်ကာ ဧပြီလ (၂၄) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပုလဲရတနာခန်းမတွင် စတင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

မြိတ်မြို့အတွက် ဆင်းကတ် ခွဲတမ်း
မြိတ်မြို့နယ် အတွင်း ချထားပေးမည် ဖုန်း ဆင်းကတ် အရေအတွက်မှာ ၃၀၉၀ ကတ် ဖြစ်ကာ တပ်မတော် တပ်ရင်း တပ်ဖွဲ့ အနေဖြင့် ကတ် (၅၁၀) ခွဲတမ်း ရ၍  သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲတွင် လျှောက်ထား ရမည် ဖြစ်ပြီး ဌာနဆိုင်ရာ ၀န်ထမ်များ အနေဖြင့် ကတ် (၈၀၀) ခွဲတမ်းအပေါ်  သက်ဆိုင်ရာ ဌာနများတွင် လျှောက်ထားရမည် ဖြစ်သည်။ မြို့ပေါ်နေ ပြည်သူ လူထုများ အနေဖြင့် ဆင်းကတ် (၁၇၈၀) ကတ်သာ ခွဲတမ်း အနေဖြင့် ရရှိမည် ဖြစ်ပြီး ထိုသို့ ဆင်းကတ် (၁၇၈၀) ကတ်အား သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ရုံးများတွင် လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။ 

ရပ်ကွက် အသီးသီး ခွဲတမ်း
မြိတ်မြို့နယ် အတွင်းရှိ ရပ်ကွက်ကြီးဟု သတ်မှတ်ထားသည့် အလယ်ကျွန်း၊ မြိတ်တောင် ၊ ကန်ဖျား၊ ရေပုန်း၊ မြိတ်တောင် ကျေးရွာ ၊ ကလွင် ကျေးရွာ ၊ စန္ဒ၀တ်ကျေးရွာ၊ ကျောက်ဖျာ ကျေးရွာ အစရှိသည့် အကွက်များတွင် တစ်ကွက်လျှင် ခွဲတမ်း (၁၅၆) ကတ် ၊ ရရှိပြီး ရပ်ကွက် ငယ်အဖြစ် သတ်မှတ်ထားသည့် ကန်ကြီး၊ ကန်ခေါင်း၊ ဈေးတန်း၊ တလိုင်းစု၊ ဆိပ်ငယ်၊ ထားဝယ်စု၊ နောက်လယ်၊ အစရှိသည့် အကွက်များတွင် (၇၈) ကတ်သာ ခွဲတမ်း သတ်မှတ်ပေးထားကြောင်း သိရသည်။ 

ဖုန်းလိုင်း လွှမ်းခြုံမှု ဧရိယာ
အခု ရောင်းချပေးသည့် တန်ဖိုးနည်း (၁၅၀၀)ကျပ်တန် CDMA 800 MHz ဖုန်းများသည် လက်ရှိ အသုံးပြု နေသည့် ယခင် ချထားသောသော 0973……….. များ အသုံးပြုလျက်ရှိသည့် ဧရိယာ အတွင်း အသုံးပြု ရရှိနိုင် ခြင်း မရှိကြောင်းနှင့် သီးခြား တပ်ဆင်ထားသော တာဝါတိုင်များ ရှိသည့် ဧရိယာ (၅) မိုင် ပတ်လည် အတွင်းသာ အသုံးပြု နိုင်ကြောင်း သိရသည်။ 


ရပ်ကွက်အချို့ အသုံးပြုရန် မလွယ်ကူ
မြိတ်မြို့နယ်တွင် ယခု (၁၅၀၀)ကျပ်တန် CDMA 800 MHz တာဝါတိုင်များအား ရွှေဘေးရွာရှိ တာဝါတိုင်နှင့် မြိတ်အခေါ် ကန်ငယ်တောင် ရှိ တာဝါတိုင်တွင်သား စက်တပ်ဆင်ထားသဖြင့် ၄င်းတာဝါတိုင် ပတ်လည် (၅) မိုင် အတွင်းသာ အသုံးပြုနိုင်ကြောင်း သိရ၍ မြိတ်မြို့နယ်အတွင်း ရပ်ကွက် အချို့တွင် အသုံးပြုရန် အခက် အခဲ ဖြစ်ပေါ် လာနိုင်ကြောင်း သိရသည်။ အထူး သဖြင့် ကလွင်အုပ်စု၊ မြိတ်တောင် အုပ်စု၊ စန္ဒ၀တ် အုပ်စု၊ ကျောက်ဖျာ အုပ်စုများတွင်သာ လိုင်းအား ပိုမို ကောင်းမွန်မည် ဖြစ်ကြောင်း သိရှိရသည်။ 

ငွေဖြည့်ကတ်
လက်ရှိ ချထားပေးမည့် MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း များသည် လက်ရှိမိုဘိုင်း တယ်လီဖုန်း ဈေးကွက်တွင် ရောင်းချလျက် ရှိသော CDMA - 800MHz ငွေဖြည့် ကတ်များဖြင့် အသုံးပြု၍ မရပဲ  MECTel တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်းများ အတွက် MECTel အမှတ် တံဆိပ်ပါ ငွေဖြည့် ကတ်များဖြင့်သာ တယ်လီဖုန်း ပြောဆိုခ ငွေဖြည့်တင်း၍ ဆက်သွယ်အသုံးပြု နိုင် မည် ဖြစ်ကြောင်း သိရှိရပြီး မြိတ်မြို့နယ်အတွင်း To Mobile ဖုန်းဆိုင်မှ တဆင့် ဆိုင် အသီးသီးကို ဖြန့်ဝေ ရောင်းချ သွားမည် ဖြစ်ကြောင်း သိရှိရသည်။ 







0 comments: