Thursday, April 4, 2013

ရေစီးရေလာကောင်းမွန်ရေး ရေထုတ်မြောင်းတူးဖော်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြိတ်-ကျွဲကူး ကားလမ်းမကြီးကို မြို့နယ် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း လမ်းတံတားဌာနမှ လမ်းများပြန်လည်ပြုပြင်ခြင်း၊ ထပ်ပိုးလွှာ ကတ္တရာခင်းခြင်း လုပ်ငန်းများနှင့် ရေစီးရေလာကောင်းမွန်စေရန် အတွက် လမ်းဘေး ၀ဲယာရေထုတ်မြောင်းများ တူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေပေးကျေးရွာမှ ကျွဲကူးကျေးရွာ အထိ ၆ မိုင်ခန့်ရှိ လမ်းဘေး ၀ဲယာ ရေထုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများအား ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လမ်းတံတားဌာနမှ SAE ဦးနိုင်အောင်ဝင်းနှင့် ၀န်ထမ်းများက စက်ယန္တရားများ အသုံးပြုပြီး မတ်လမှစ၍ ရေထုတ်မြောင်း 

တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၂ ရက်နေ့ နံနက်ပိုင်းတွင် ရွှေးပေးကျေးရွာမှ စန္ဒ၀တ်ကျေးရွာအထိ ဆက်လက်တူးဖော်လျှက်ရှိကြောင်း သတင်းရရှိသည်။




0 comments: