Saturday, April 13, 2013

ညောင်ဘီးကျေးရွာ၌ အခမဲ့ ကွင်းဆင်းဆေးကုသ



မြိတ်မြို့ သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော် မဟာသဒ္ဒမ္မဇောတိက ဓဇ ဘဒ္ဒန္တ သုဇာတနှင့် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးတို့ ဦးဆောင်သော အထူးကု ပါရဂူကြီးများနှင့် အထူးကု ဆရာဝန်ကြီးများမှ ဧပြီလ (၁၂)ရက် နံနက် (၉)နာရီတွင် ကျွန်းစုမြို့နယ် ညောင်ဘီးကျေးရွာ အထက (ညောင်ဘီး)၌ အခမဲ့ ကွင်းဆင်း ဆေးကုသသည်။ 


အဆိုပါ ကွင်းဆင်းဆေးကုသရာ ညောင်ဘီးကျေးရွာ အုပ်စုနှင့် အနီးအနားရှိ ကျေးရွာများမှ ကျေးရွာသူ/သား (၁၃၁)ဦးအား ခွဲစိတ်အထူးကုဆရာဝန်၊ အထွေထွေရောဂါကု ဆရာဝန်၊ မျက်စိအထူးကု ဆရာဝန်၊ သွားအထူးကု ဆရာဝန်၊ ကလေးအထူးကုဆရာဝန်များက ကျန်းမာရေးဆေးစစ်ပြီး အခမဲ့ဆေးကုသပေးကြ၍ ဆေးများ အခမဲ့ပေးဝေခဲ့သည်။ 
 
ညောင်ဘီးကျေးရွာတွင် ကျေးလက် ကျန်းမာရေးဌာန ရှိပြီး ကျွန်းစုမြို့သို့ စက်လှေဖြင့် (၂)နာရီခန့်သွား ရပြီး မြိတ်မြို့သို့လည်း (၂)နာရီခန့် သွားရသော ကျေးရွာဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ အထူးကု ဆရာဝန် ကြီးများက ကျေးရွာပြည်သူများ အပေါ် ထိထိရောက်ရောက် အခမဲ့ ကွင်းဆင်းဆေး ကုသပေးခြင်းသည် များစွာ အကျိုးရှိကြောင်း သတင်း ရရှိသည်။


0 comments: