Tuesday, April 2, 2013

NLD အဖွဲ့ဝင်များမှ မဟုတ် မမှန် တိုင်ကြားထားသော သတင်းလေးတစ်ပုဒ်ပါ ဦးမောင်၏ မြေးဖြစ်သူ ဦးသန်းဇော်မှာ (NLDဗဟိုပါတီအဖွဲ့ဝင်) ဦးဇော်ဟိန်းနှင့် ပေါင်းပြီး ပြည်သူများ နေအိမ်(၁၁)အိမ်အား ဦးသန်းဇော်၏လ ယ်မြေများကို ကျူးကျော် လျှောက်လုပ်ထားသည်ဟု မဟုတ်မမှန် တိုင်ထားကြောင်း သိရပါသည်။ ဦးသန်းဇော်အား တိုင်စာ အတွက် ငွေကြေးများ ထောက်ပံ့ပေးသူမှာ NLDအဖွဲ့ဝင် ဒေါ်မအေးဖြစ်ကြောင်း သိရပါသည်။ မအေးမှာ ရတောင် အတွင်းရွာ (အောက်ပိုင်း)တွင် နေထိုင်ပြီး ဖက်ခုတ် စားသောက် နေသူ ဖြစ်ကြာင်း သိရပါသည်။

ဖြစ်စဉ်မှာ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရတောင် အတွင်းရွာ လက်ရှိ နေထိုင်လျှက် ရှိသော ပြည်သူ နေအိမ်(၁၁)ကို ဦးသန်းဇော်က သူ၏ လယ်မြေတွင် ကျူးကျော် ဝင်ရောက် နေထိုင်ကြောင်း အတိုင်ခံ ရသူများမှာ မဟုတ်မမှန်တိုင်ကြားမှုအား မြိုနယ် တရားရုံးတွင် သွားရောက် ဖြေရှင်းနေရကြောင်း အတိုင်ခံ ရသူ ပြည်သူများမှာ သတင်း ရရှိပါသည်။

အတိုင်ခံရသူ ပြည်သူ (၁၁)ဦး အိပ်ဆောက် နေထိုင်နေသော မြေနေရာအား မြို့နယ်မြေစာရင်းများမှ သိရှိ ထားပြီး ဖြစ်ကြောင်း၊ ဦးသန်းဇော်မှ လယ်မြေအား နေအိမ် လျှောက်ရန်မြေအဖြစ် သဘောတူထားပြီး ဖြစ်ကြောင်း၊ သူ၏ လယ်မြေအစား အခြား လယ်မြေလုပ်စားခွင့်ကို ကျေးရွာ(ခွဲ)အုပ်ချုပ်ရေးမှူး နေရာ သတ်မှတ်ပေးပြီး ဖြစ်ကြောင်း အတိုင်ခံရသူ ပြည်သူများမှ ပြောကြားချက်အား သိရသည်။

အတိုင်ခံရသူ (၁၁)ဦးတွင် ဒေါ်ရှုတင်မှ တိုင်ကြားထားသူ ဦးသန်းဇော်နှင့် အလိုတူ အလိုပါ ဖြစ်နိုင်သည်ဟု ပြောကြား ထားပါသည်။ NLD မှ မဲနှိုင်သူ NLD အုပ်ချုပ်ရေးမှူးဆိုပြီး ထင်ရာ စိုင်းနေကြောင်း NLD ဗဟိုအဖွဲ့ဝင် ဇော်ဟိန်းနှင့် မအေး တို့ အားပေး အားမြောက် ခြင်းကြောင့် အခုအချိန်တွင် မြိုနယ် တရားရုံးတွင် သွားရောက် စစ်ဆေးခံ နေရသည်မှာ (၃)ကြိမ် ရှိနေပြီ ဖြစ်ပါသည် အတိုင်ခံ ရသူပြည်များမှာ NLDအကြောင်း ပြည်သူ သိအောင် မဖြစ်မနေ တင်ပေးရန် ပြောကြားခဲ့ ပါသည်။

မြန်မာအိတ်စ်ပရင့် http://www.myanmarexpress.net/2013/04/nld.html မှ ကူးယူ ဖော်ပြပါသည်။

 

1 comments:

Unknown said...

အုပ်ချုပ်ရေးမှုးဆိုတာဘယ်ပါတီဝင်ဘဲ့ဖြစ်ဖြစ်ဒေသဖွံ့ဖြိုးရေးနှင့်ပြည်သူ တွေရဲ့အရေးကိုအလေးထားဆောင်ရွက်ရမှာဘဲဖြစ်တယ် အမှန်တရား ကိုမြတ်နိုးသူဘဲဖြစ်ရမယ် ဒါကြောင့်ဘယ်လိုဘဲဖြစ်နေနေ အမှန်တရား ဆိုတာပေါ်လာလိမ့်မယ် ဒီအချိန်မှာမမှန်တဲ့သူတွေအတွက်ကျဆုံးတဲ့နေ့ ဘဲ့လို့မှတ်ထားပါ