Sunday, April 28, 2013

မြိတ်မြို့၌ (၁၃)နှစ် သမီးအား ဖခင်ဖြစ်သူ (၄၂)နှစ်မှ အဓမ္မပြုကျင့်မှုဖြစ်ပွား

၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့၊ ည (၉း၄၀) အချိန်ခန့်တွင် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ကလွင်ရွာမရပ် (ကလွင်စုံခေါင်း)၌ ဦးကျော်ဦး (၄၂)နှစ်မှ သမီးဖြစ်သူ မxxxxxxx (၁၃)နှစ်အား အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ပြစ်မှုကျူးလွန်သူကို ဧပြီလ (၂၆)ရက်နေ့၊ ည (၁၀း၀၀)နာရီအချိန်ခန့်တွင် ရပ်ကွက်နေပြည်သူများ၊ သက်ဆိုင်ရာများနှင့် ရဲတပ်ဖွဲ့များမှ လိုက်လံဖမ်းဆီးခဲ့ပြီး ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၁၁၊ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း နှင့် ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစိစစ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

တနင်္သာရီသား


3 comments:

Unknown said...

လူ့ကျင့်ဝတ်နှင့်ညီညွတ်မှုမရှိသောခွေးကဲ့သို့အကျင့်ရှိသောထိုသူကိုသက်ဆိုင်ရာတရားရုံးမှထိရောက်တဲ့ပြစ်ဒဏ်ကိုအမိန့်ချမှတ်ပေးပါ

ကျောက်ဆူး said...

ဟဲ့ကောင် မင်းဒါတွေကို ရေးတင်နေတာထက် မတင်တာက ပိုကောင်းတယ် ကွ
ရှင်းနော် နောက်ဆို မောင်နှစ်မ သားအစ်မိ ဒိလိုဖြစ်တဲ့ အကြောင်းကို ရှိခဲ့ရင် ရေးမတင်ပါနဲ့ လုံးဝ မေတ္တာရပ်တယ်ကွာ

ဒီအကြောင်းတွေက လု့လောက ကို အကျိုးမပြုနိုင်ပဲ တစ်လှေလုံး မပုတ်စေနဲ့ကွာ

Unknown said...

မုဒိန်းမှု့ဆို သေဒဏ်သာ ချမှတ်ပါ