Friday, April 5, 2013

တရုတ်နိုင်ငံလုပ် လက်နက်ပုန်းသေနတ်များ ဖမ်းဆီးရမိ

၎-၄-၂၀၁၃ ရက်နေ့ ၁၃၃၀ အချိန် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့် အတူ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ (၁၀)လမ်း ရှိ ““ဦးချစ်ဟို”” ဆောက်လုပ်ရေး/ လျှပ်စစ်/ အိမ်သုံးပစ္စည်း အရောင်းဆိုင်အား ၀င်ရောက်ရှာဖွေ ခဲ့သည်။

ထိုသို့ ရှာဖွေခဲ့ရာ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ (၁၀)လမ်းနေ ဆိုင်အရောင်းတာဝန်ခံ မယဉ်ယဉ်အေး (၂၉)နှစ်အား တွေ့ရှိရပြီး ဆိုင်အတွင်းမှ ANDALAS AIR RIFFLE စာတမ်းပါ ဒင်မှပြောင်းအထိ အရှည် ၃ ပေ ၃လက်မခန့်ရှိ တရုတ်နိုင်ငံလုပ် လေသေနတ် ၅ လက်နှင့် JANDAO စာတမ်းပါ တရုတ်နိုင်ငံလုပ် ဒူးလေး သေနတ် ၁ လက်တို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့် တရားဝင် ခွင့်ပြုချက် မရှိဘဲ လက်ဝယ်ထားရှိသူ မယဉ်ယဉ်အေးအား မြိတ်မြို့မရဲစခန်း(ပ)၁၇၄/၂၀၁၃၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရ ရှိသည်။

ရဲဇာနည် FB မှ ကူးယူ ဖော်ပြပါသည်။ 


0 comments: