Saturday, April 6, 2013

မြိတ်မြို့ မြိတ်တောင်ကျေးရွာ၌ စာရိတ္တမြင့်တင်ရေး ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မြိတ်မြို့ မြိတ်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရိတ္တမြင့်တင်ရေး ကော်မတီတို့ ပူးပေါင်းကျင်းပသော စာရိတ္တမြှင့်တင်ရေး ကျပန်းစကားပြောပြိုင်ပွဲကို ၂၀၁၃ ခုနှစ်၊ ဧပြီလ(၄)ရက် ည(၇)နာရီတွင် အောင် မင်္ဂလာ လူငယ်များစာကြည့် တိုက်အရှေ့တွင် ကျင်းပရာ မြိတ်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းက အမှာစကား ပြောကြားသည်။ 


ထိုနောက် ပြိုင်ပွဲစတင် ကျင်းပရာ မြိတ်တောင်ကျေးရွာ အုပ်စု အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြိုင်ပွဲဝင် (၂၅)ဦး ပါဝင်ယှဉ်ပြိုင် ကြသည်။ အဆိုပါ ပြိုင်ပွဲဝင်များသည် ရိုးရိုးကျင့် မြင့်မြင့်ကြံ၊ ဘ၀တိုးတက် အလှစစ်၊ ကိုယ်ကျင့် တရား လက်ကိုင်ထား၊ ရိုးသား တည်ကြည် ဘ၀ကိုတည်၊ ယဉ်ကျေး မှုမှန် ရိုးရာသင်္ကြန်၊ စိတ်ဓာတ် ခွန်အား ဖြင့် ဘ၀ကို မြှင့်တင်ခြင်း၊ မူးယစ် ရန်စွယ်နှင့် ခေတ်လူငယ်၊ လူငယ်နှင့် စိတ်ဓာတ်ပြုပြင်ရေး၊ လူမျိုးနိုင်ငံ ချစ်တတ်စေရန် စာရိတ္တ မဏ္ဍိုင်မယိမ်းယိုင် လူငယ်အားနှင့် မြှင့်တင်နိုင် စသည့်ခေါင်းစဉ်များကို မဲဆွဲပြီး ကျရာခေါင်းစဉ်များဖြင့် ပါဝင် ယှဉ်ပြိုင်ကြသည်။

အဆိုပါ ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်မှုအား မြိတ်ခရိုင် ပြန်/ဆက် ဒုတိယ ဦးစီးမှူး ဒေါ်သန်းသန်းဌေး၊ အလက (အုန်းတော) ကျောင်းအုပ် ဆရာမကြီး ဒေါ်မေမြင့်လွင်၊ အလက(ခွဲ) တုံးဗျော ကျောင်းအုပ်ဆရာကြီး ဦးလှမြင့်၊ မြိတ်မြို့နယ် စာရေးဆရာအသင်း ဥက္ကဌ ဦးဖိုးခွေး၊ ရပ်မိရပ်ဖ ဦးစိုးရီတို့က ကဲဖြတ်အမှတ်ပေးကြ၍ ပဏာမ (၇)ဦးကို ရွေးချယ်ပေးကြပြီး ဆုချီးမြှင့်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်စေပြီး ပထမ၊ ဒုတိယ၊ တတိယ ရွေးချယ် ဆုချီးမြှင့် ပေးသွားမည်ဖြစ် ဖြစ်ပါကြောင်း သတင်းရရှိသည်။


0 comments: