Wednesday, April 3, 2013

ငါးမဖမ်းဆီးရ ရာသီကာလ တားမြစ်ပိတ်ပင်



မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန ငါးလုပ်ငန်း ဦးစီး ဌာနသည် မြန်မာ့ ပင်လယ် ငါးလုပ်ငန်း ရေပြင် အတွင်းရှိ ငါး/ပုစွန် သယံဇာတများ မျိုးပြုန်းတီးမှု မရှိစေရေး ရေရှည် စဉ်ဆက်မပြတ် ဖမ်းဆီး ထုတ်လုပ်နိုင်ရန် အတွက် ငါး/ ပုစွန် သယံဇာတကို ထိန်းသိမ်းသည့် အနေဖြင့် ၁၀၀ ဂရမ်အောက် ငါးမုတ် ငါးငယ်များ ဖမ်းဆီး ရမိနေခြင်းမှ ထိန်းသိမ်း ကာကွယ် နိုင်ရန် ဘုံကျောင်း ကျားပိုက် (ကျောက်ပိုက်)၊ အင်္ဂလန် ကျားပိုက် (ကျားဖောင်)နှင့် ကျားပိုက် ကိရိယာ များအား ဧပြီ (၁) ရက်မှ မေ ၃၁ ရက်အထိ ငါးမဖမ်းဆီးရ ကာလ အဖြစ် သတ်မှတ်ခြင်းကို ၃၁ - ၃ -၂၀၁၃ ရက်စွဲပါ ညွှန်ကြားချက် အမှတ် ၂/ 


၂၀၁၃ ဖြင့်လည်းကောင်း၊ မြန်မာ့ ပင်လယ် ငါးလုပ်ငန်း ရေပြင်တစ်ခုလုံးအား ငါး / ပုစွန်များ သားပေါက်ပွား ကြီးပြင်းချိန် ဖြစ်သော ၂၀၁၃ ခုနှစ် ဇွန် ၁ ရက်မှ ဇူလိုင်း ၁၅ ရက် အထိကို ကမ်းနီး ငါးဖမ်း လှေများမှ အပ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ အားလုံး ငါးမဖမ်းဆီးရ ရာသီ ကာလ ( Closed Season ) အဖြစ် တားမြစ် ပိတ်ပင် ထားခြင်းကို ၃၁-၃-၂၀၁၃ ရက် နေ့စွဲပါ ညွှန်ကြားချက် အမှတ် ၃/ ၂၀၁၃ ဖြင့် လည်းကောင်း ငါးလုပ်ငန်း ဦးစီးဌာနက သတင်း ထုတ်ပြန် ထားကြောင်း သိရသည်။ 



0 comments: