Wednesday, April 17, 2013

မြိတ်ခရိုင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာ သင်္ကြန် ပွဲတော် ဗဟိုမဏ္ဍပ် ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲ ကျင်းပ

တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဆုချီးမြှင့်ပွဲ နှငု့် ပိတ်ပွဲ အခမ်းအနားကို ဧပြီလ(၁၆)ရက် ညနေ(၅)နာရီတွင် မြိတ်ခရိုင် ဗဟိုမဏ္ဍပ်၌ ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့ဝင်များ၊ ယိမ်းအက အဖွဲ့များ၊ ပြည်သူများ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ၁၃၇၄ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ယိမ်းအက ပြိုင်ပွဲတွင် ယှဉ်ပြိုင် ကြသော ဆုရ ယိမ်းအကအဖွဲ့ စာရင်းကို အကဲဖြတ် ဒိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အမည် စာရင်းကြေငြာ ပေးသည်။ ယင်းနောက် နှစ်သိမ့်ဆုရ အက အဖွဲ့များကို တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ် ချီးမြှင့်ကြ သည်။ 

ဆက်လက်၍ တတိယဆုရရှိသော ယိမ်းအက အဖွဲ့အား မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သက်ထွန်းအောင် ကလည်းကောင်း၊ ဒုတိယဆု ရရှိသော ယိမ်းအက အဖွဲ့အား မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ရွှေညာမောင် က လည်းကောင်း၊ ပထမ ဆုရှိသော ယိမ်းအကအဖွဲ့အား မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး က လည်းကောင်း ဆုများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

ထိုနောက် မြိတ်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှန်မှ အကဲဖြတ်ဒိုင် အဖွဲ့အား လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီးနောက် ပထမဆုရ ယိမ်းအက အဖွဲ့မှ ပြန်လည်ဖျော်ဖြေ တင်ဆက်သည်။ ဆက်လက်၍ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးက ၁၃၇၄ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော် ပိတ်သိမ်း ကြောင်း ကြေငြာပြီး သင်္ကြန်ယိမ်း အကအဖွဲ့များက မန်းတောင်ရိပ်ခို သင်္ကြန် သီချင်း သီဆို၍ သင်္ကြန်အက အလှများဖြင့် စုပေါင်း ကကြကာ အခမ်းအနား ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။




0 comments: