Saturday, April 20, 2013

မြိတ်မြို့၌ (၄၂)နှစ်အမျိုးသားတစ်ဦးမှ (၄)နှစ်အရွယ် ကလေးမလေးအား အဓမ္မပြုကျင့်မှုဖြစ်ပွား

မြိတ်မြို့၊ တလိုင်းစုနယ်မြေ၊ ၀တ်တိုက်ကျောင်း ဧရိယာအတွင်း၊ ၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့၊ ည (၉း၃၀) အချိန် ခန့်တွင် အသက် (၄၂)နှစ် အရွယ်ခန့် အမျိုးသား တစ်ဦးမှ အသက် (၄)နှစ်အရွယ် ကလေးမလေး တစ်ဦးအား အဓမ္မပြုကျင့်မှု တစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဦးxxxxxxx၊ အသက် (၄၂)နှစ် အရွယ်ခန့်၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ xxxxxxxxရွာ နေထိုင်သူ အမျိုးသား တစ်ဦးသည် အသက် (၄)နှစ်အရွယ် ကလေးမလေး တစ်ဦးအား အဓမ္မပြုကျင့်နေစဉ် ကလေးမလေး၏ အော်ဟစ် သံကြောင့် ပတ်ဝန်းကျင်ရှိသူများမှ ဖမ်းဆီး မိခဲ့ခြင်းဖြစ်သည်။

အဓမ္မပြု ကျင့်သူအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ စစ်ဆေးနေဆဲဖြစ်ကြောင်း သိရှိရသည်။


1 comments:

Unknown said...

ဒီသတင်းကမမှန်သတင်းလို့သိရတယ် မမှန်သတင်းကို ကိုယ်တိုင် ပြုကျင့်သလိုမျိုးသတင်းတင် ထားတယ် မိဘရှင်နှင့်အတင်ခံရသူတွေရဲ့ဂုဏ်သိက်ခါကိုထိခိုက်စေတယ် ဒါမဖြစ်သင့်ဘူး ဆင်ခြင်သတိပြုစိစစ်ပြီးမှတင်ရင်ပိုကောင်းလိမ့်မယ် တပါးသူကိုနှစ်နာထိခိုက်စေတယ်