Thursday, April 4, 2013

မြိတ်မြို့ သီဟဇေယျာဈေး ဈေးသူဈေးသားများအား အသေးစားချေးငွေများ ထုတ်ချေး



မြိတ်မြို့ သီဟဇေယျာဈေး ဈေးသူဈေးသားများအား အသေးစား ချေးငွေများ ထုတ်ချေးခြင်း အခမ်း အနားကို ၂၀၁၃ ခုနှစ်၊ ဧပြီလ(၂)ရက် နေ့လည် (၂)နာရီတွင် မြိတ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပရာ မြိတ်မြို့နယ် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်း ကော်မတီ ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက အမှာစကား ပြောကြားသည်။ ယင်းနောက် သီဟ ဇေယျာဈေး ဈေးသူဈေးသား (၁၃၆)ဦးအား တစ်ဦးလျှင်(၁)သိန်းကျပ်နှုန်းဖြင့် (၁၃၆)သိန်းကို မြိတ်မြို့နယ် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်း ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များက ထုတ်ချေး ပေးကြသည်။ 


အလားတူ အောင်မင်္ဂလာဈေး ဈေးသူဈေးသား (၁၁၀)ကို တစ်ဦးလျှင် (၆၀၀၀၀)ကျပ်နှုန်းဖြင့် (၆၆)သိန်း နှင့် နောက်တိုး (၆၀)ဦး အတွက် တစ်ဦးလျှင် (၁)သိန်းကျပ်နှုန်းဖြင့် (၆၀)သိန်း စုစုပေါင်း (၁၂၆)ကိုလည်းကောင်း၊ နောက်လယ်ဈေး ဈေးသူဈေးသား (၆၂)ဦးကို တစ်ဦးလျှင် (၆၀၀၀၀)ကျပ်နှုန်းဖြင့် (၃၇)သိန်း (၂)သောင်းကျပ်ကို လည်းကောင်း မြိတ်မြို့နယ် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်း ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များက ထုတ်ချေးပေးခဲ့ ကြောင်း အဆိုပါ ချေးငွေများသည် မြိတ်ခရိုင် အများပိုင်ကုပ္မဏီမှ ချေးငွေများဖြစ်ကြောင်း သတင်း ရရှိသည်။



0 comments: