Thursday, April 18, 2013

မြိတ်မြို့ မြိတ်တောင်ရပ်ကွက် သက်ကြီးပူဇော်ပွဲ ပြုလုပ်

မြိတ်မြို့ မြိတ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ကြီးမှူး၍ သက်ကြီး ပူဇော်ပွဲ အခမ်းအနားအား ဧပြီလ (၁၈) ရက်နေ့ ညနေ (၃) နာရီ အချိန် မြိတ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အရှေ့ ယာယီ မဏ္ဍာပ် တွင် ကျင်းပပြုလုပ်ရာ ရပ်ကွက်အတွင်းရှိ သက်ကြီး ရွယ်အို အဖိုး အဖွား (၃၅) တို့အား တစ်ဦးလျှင် (၃) သောင်းကျော်ခန့် တန်ဖိုးရှိ ငွေသားနှင့် ပစ္စည်းများဖြင့် ပူဇော် ကန်တော့ကြကြောင်း သတင်းရရှိသည်။  ထိုသို့ လှူဒါန်းသည့် လှူဖွယ် ပစ္စည်းများနှင့် ငွေသားများအား မြိတ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက် အတွင်းရှိ စေတနာရှင်များမှ တစ်ဦးချင်း၊ အဖွဲ့လိုက် လှူဒါန်း ပူဇော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သက်ကြီး ပူဇော်ပွဲ အခမ်းအနားသို့ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊ မြိတ်တောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်မင်း၊ မြိတ်တောင်ရပ်ကွက် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးရီနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် လူမှုရေး အသင်းအဖွဲ့များ ၊ တစ်ဦးချင်း အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ 





0 comments: