Monday, April 22, 2013

မြိတ်ခရိုင် ငါးသယံဇာတထိန်းသိမ်းရေး ရေငန်ပုဇွန် သားပေါက်မျိုး စိုက်ထည့်

တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ကြီးမှူး၍ ရေသယံဇာတ ထိန်းသိမ်းရေး ရေငန်ပုဇွန် သားပေါက် မျိုးစိုက် ထည့်ခြင်းကို ဧပြီလ (၂၀)ရက် နံနက် (၁၁)နာရီတွင် ဒေါင်းဂူးမော်ကျွန်း ဒီရေတောအနီးတွင် ကျင်းပခဲ့ရာ တိုင်း ဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီင်္း၊ ခရိုင်၊ မြို့နယ် ငါးလုပ်ငန်းဦး စီးဌာန ၀န်ထမ်းများတက်ရောက်၍ မျိုးစိုက် ထည့်ကြသည်။ အဆိုပါ ရေငန်ပုဇွန်သားပေါက်မျိုးများကို ၀မော်ရေငန်ပုဇွန် သားပေါက်စခန်းမှ ထွက်ရှိသော (၄၃)ရက်သား ရေငန်ပုဇွန်သားပေါက် (၁၃)သိန်း မျိုးစိုက် ထည့်ခဲ့ကြသည်။

တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ နှစ်စဉ် ပုဇွန် သားပေါက်မျိုး စိုက်ထည့်ခဲ့ရာ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ပုဇွန် သားပေါက်ကောင်ရေ ထားဝယ် ခရိုင်၌ (၁၀)သိန်း၊ မြိတ်ခရိုင်၌ (၁၀)သိန်း မျိုးစိုက် ထည့်ခဲ့ကြပြီး ၂၀၁၃-၂၀၁၄ ခုနှစ် တွင် ပုဇွန် သားပေါက်ကောင်ရေ ထားဝယ်ခရိုင်၌ (၁၅)သိန်းနှင့် မြိတ်ခရိုင်၌ (၁၃)သိန်း မျိုးစိုက်ထည့်ခဲ့ကြကြောင်း သတင်း ရရှိသည်။


0 comments: