Wednesday, April 24, 2013

မြိတ်မြို့တွင် တန်ဖိုးနည်း ဖုန်းကတ်များ စတင် ရောင်းချ

မြိတ်မြို့နယ် အတွင်း ချထားပေးသည့် တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် CDMA 800 MHz ဖုန်း ဆင်းကတ်များအား ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူး အစီအစဉ်ဖြင့် မဲနှိုက် ခွဲဝေ ချထားပေးရာမှ မဲပေါက်သည့် သူများအား တယ်လီဖုန်း ဆင်းကတ်များ ရောင်းချ ထုတ်ပေးခြင်းကို ယနေ့ ဧပြီလ (၂၄)ရက်နေ့ နံနက် (၉) နာရီတွင် ပြုလုပ်သည်။

၎င်းနေ့တွင် ဆိပ်ငယ်ရပ်ကွက် အတွက် (၃၉) လုံး၊ ဈေးတန်း ရပ်ကွက် အတွက် (၇၈) လုံး၊ ကန်ကြီး ရပ်ကွက် အတွက် (၇၈) လုံး၊ ရေပုန်း ရပ်ကွက်အတွင်း (၁၅၆) လုံး၊ ကန်ဖျား ရပ်ကွက်အတွက် (၁၅၆) လုံး၊ အလယ်ကျွန်း ရပ်ကွက်အတွက် (၁၅၆) လုံး စုစုပေါင်း အလုံးရေ (၆၆၃)လုံးအား ထုတ်ပေးခဲ့ကြောင်း နှင့် ကျန်ရှိသည့် မဲပေါက်ပြီး ထုတ်ပေးရမည့် ကတ်များအား မနက်ဖြန် (၂၅) ရက်နေ့တွင် ထပ်မံ ရောင်းချ ထုတ်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

မဲပေါက်သည့် သူများ ဖုန်းဆင်းကတ် ထုတ်ယူရာတွင် အိမ်ထောင် စာရင်း မူရင်း+ မိတ္တူ(၁)စောင်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား မူရင်း+ မိတ္တူ(၂)စောင်၊ ကာလာ ဓာတ်ပုံ (၂)ပုံ ယူဆောင်လာရမည် ဖြစ်ကြောင်း သတင်းရရှိသည်။


0 comments: