Wednesday, April 17, 2013

မြိတ်မြို့၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် အေးချမ်းပျော်ရွှင် စည်ကား သိုက်မြိုက်စွာ ဆင်နွဲ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် အတက်နေ့ ဧပြီလ (၁၆)ရက်နေ့တွင် ပြည်သူ လူထုများ အေးချမ်းပျော်ရွင်စွာ ရေပက် ကစားကြသည်။ မြန်မာတို့၏ မြတ်နိုး ဖွယ်ရာ ရိုးရာ ယဉ်ကျေးမှု တစ်ရပ်ဖြစ်သော မဟာသင်္ကြန် ပွဲတော်ကို သင်္ကြန် ချစ်သော ပြည်သူများ အနေဖြင့် ဖျော်ဖြေရေး မဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များတွင် စည်ကား သိုက်မြိုက်စွာ ရေပက်ကစားကြ သလို ရေပက်ခံ မော်တော်ယာဉ်များ၊ မော်တော် ဆိုင်ကယ် များဖြင့် အေးချမ်းပျော်ရွင်စွာ ရေပက်ခံ ထွက်ကြ၍ အေးချမ်း ပျော်ရွင်စွာ ဆင်နွဲကြသည်။ 

မြိတ်ခရိုင် ဗဟို မဏ္ဍပ်တွင် သင်္ကြန် ယိမ်းအက အဖွဲ့များက သင်္ကြန်ယိမ်း အကအလှ များဖြင့် ကပြ ဖျော်ဖြေ တင်ဆက်ပြီး တေးသံရှင် များက သင်္ကြန်တေး သီချင်းများ၊ ခေတ်ပေါ်တေး သီချင်းများကို မြူးမြူးကြွကြွ သီဆို ကြကာ သင်္ကြန် ပွဲတော်ကို ဆင်နွဲကြ၍ ကမ်းရိုးတန်း မဏ္ဍပ်တွင်လည်း အလားတူ ယိမ်းအက အလှများ၊ တေးသီချင်းများ သီဆိုဖျော်ဖြေကြရာ ပြည်သူုများမှ စည်ကားသိုက်မြိုက်စွာ ကြည့်ရှု အားပေး ပျော်ရွှင်ခဲ့ကြကြောင်း သတင်း ရရှိသည်။






0 comments: