Thursday, April 4, 2013

မြိတ်မြို့၌ ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ နှင့် မြိတ်ခရိုင်မှ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး

ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ နှင့် မြိတ်ခရိုင်မှ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲအခမ်း အနားကို ၂၀၁၃ခုနှစ်၊ ဧပြီလ (၃)ရက် နံနက်(၁၀)နာရီတွင် မြိတ်ဟိုတယ် အစည်းအဝေး ခန်းမ၌ ကျင်းပရာ ထိုင်းနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် ( ၅၄ )ဦးနှင့် မြိတ်ခရိုင်မှ စီးပွားရေးလုပ်ငန်းရှင် ( ၄၁ )ဦး တက်ရောက်ကြသည်။

ရှေးဦးစွာ မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဌ ဦးထွန်းထွန်းဝင်း နှင့် ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ Deputy Permanent Secretary, Mr. Noppadon sarawasi က ကြိုဆို နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။

ဆက်လက်၍ ထိုင်းနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် မြိတ်ခရိုင်မှ စီးပွားရေး လုပ်ငန်းရှင်များက တစ်ချင်း မိတ်ဆက်ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ကြသည်။ ထိုနောက် ထိုင်းနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ နှင့် မြိတ်ခရိုင်မှ စီးပွားရေး လုပ်ငန်းရှင်များ ဆိုင်ရာ လုပ်ငန်း အချင်းချင်း ရင်းနှီးပွင်းလင်းစွာ တွေ့ဆုံဆွေးနွေးကြသည်။

ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ အဖွဲ့သည် ၂၀၁၃ခုနှစ်၊ ဧပြီလ (၂)ရက် ညနေ (၃)နာရီတွင် ပြည်ဖြိုးထွန်း ကုပ္မဏီ အအေးခန်း စက်ရုံ၊ သင်္ဘော လွန်းကျင်း၊ အထပ်သားစက်ရုံ၊ ငါးမုန့်စက်ရုံ၊ ဂဏန်းပျော့မွေးမြူရေးကန်များသို့ သွားရောက် လေ့လာ ကြည့်ရှုကြကြောင်း သတင်း ရရှိသည်။

3 comments:

Unknown said...

မြိတ်ခရိုင်တစ်ခုလုံး၏စီးပွါးရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းပြီး မြိတ်မြို့သူမြိတ်မြို့သားများလည်းအလုပ်အကိုင်ရရှိကာ မြိတ်မြို့လည်း ဖွံ့ဖြိုးတိုးတက်သာယာလှပငြိမ်းချမ်းတည်ငြိမ်နိုင်ပါစေ