တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့၊ စန္ဒ၀တ် ကျေးရွာအုပ်စု၊
ကွမ်းသီးချောင်းရပ်ရှိ ရွှေနန်းတောင် ကုန်းတော်ပေါ်၌ တစ်ကမ္ဘာလုံး အေးမြချမ်းသာ စေတီတော်ကြီးကို
ကောလိပ် ကုက္ကို ပရိယတ္တိ စာသင်တိုက် ပဓာန နာယက
ရွှေရင်းတောင် သာသနာပြု ဆရာတော်ကြီး မဟာဂန္တ၀ါစက ပဏ္ဍိတ၊ သာသန ပါလ ဓမ္မာစရိယ ဘဒ္ဒန္တ တိလောကာဘိဝံသ
မထေရ်မြတ်ကြီး၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ၂၀၁၂ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ပန္နက်တော်တင်အုဌ်မြတ်ချ၍
တည်ထားကိုးကွယ်ခဲ့ရာ ပြီးစီး အောင်မြင်သည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ
တစ်ကမ္ဘာလုံး အေးမြချမ်းသာ စေတီတော်ကြီး ရွှေနန်းတောင် ကုန်းတော်ပေါ်၌ တည်ထား ကိုးကွယ်နိုင်ရန်
မြိတ်မြို့၊ စန္ဒ၀တ်ကျေးရွာ ဦးဖေသန်း၊ ဒေါ်အေးစိန် မိသားစုတို့မှ မြေအလှူရှင် အဖြစ်
လှူဒါန်းခဲ့ပြီး မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်၊ ဘုရား ဒကာမကြီး ဒေါ်အုန်းမြိုင်မှ
စေတီတော်ကြီးအား ပြီးစီး အောင်မြင်သည် အထိ လှူဒါန်းခဲ့ပြီး စေတီတော်ကြီး
ထီးတော်တင်ပွဲ အခမ်းအနားကို ၂၀၁၃ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း
သတင်း ရရှိသည်။










0 comments:
Post a Comment