Tuesday, April 2, 2013

မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ မီးလောင်မှုဖြစ်ပွား

၂-၄-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ (၄၈)လမ်း၊ မ/၁၈၃ရှိ ဆော်ဒီကီးရား၊ ရေကျော်ဗလီတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့်အဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ရာ အတည်ပြုဆဲ သတင်းအရ ဗလီအတွင်းတပ်ဆင် ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရှိရပြီး မီးလောင်ရာသို့ အမှတ်(၂)တိုင်းမီးသတ်ဦးစီးမှူးနှင့်အဖွဲ့မှ မီးသတ်ယာဉ်(၆)စီး၊ အုပ်ချုပ်မှု ယာဉ်(၇)စီးတို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ ၀၃၁၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၀၃၁၃ အချိန် မီးငြိမ်းသွား ခဲ့ကြောင်း မီးလောင်မှုကြောင့် ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီကျောင်းသား (၇၀)ဦးရှိသည့်အနက်၊ (၁၃)ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာတို့ဖြင့် အိပ်လျက်သေဆုံးနေပြီး (၄)ဦးမှာ ပျောက်ဆုံးနေကြောင်း ဗလီမှာ စာသင်ကျောင်းနှင့် တွဲဖက်ထားရှိကြောင်းနှင့် အခင်းဖြစ် အရပ်သို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံ/နယ်စပ် ၀န်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး တို့ရောက်ရှိပြီး အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် စစ်ဆေးလျက်ရှိကြောင်း ကနဦး သတင်း ရရှိသည်။ Source: ရဲဇာနည် (Myanmar Police Official Facebook Page)

၄၈ လမ်း မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ သွားရောက် စစ်ဆေးကြည့်ရှု"

ရန်ကုန်၊ ဧပြီ ၂

၄၈ လမ်း မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေလည်း သွားရောက် စစ်ဆေးကြည့်ရှု ခဲ့သည်။

မီးသတ် ဦးစီးဌာနမှ သတင်းအရ အပေါ်ထပ်ဝင်ပေါက်မှာ တစ်ခုတည်းသာရှိပြီး၊ ပြူတင်းပေါက်များတွင် သံတိုင်များ ကာရံထားသည့် အတွက် မီးလောင်မှုဖြစ်ချိန်တွင် အတွင်းဝယ် ရှိနေသူများ ပိတ်မိခြင်းဖြစ်ကြောင်း သိရသည်။

အသက် ဆုံးရှုံးသွားသူများ မှာလည်း ယင်းပြူတင်းပေါက်များမှ ထွက်ရန်ကြိုးစားရင်း ဆုံးပါး ရခြင်းဖြစ်ကြောင်း သိရသည်။

"မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား မနက် ၉ နာရီသတင်းမှာ မီးလောင်မှုဖြစ်ပွား တဲ့ ဗလီကို ရိုက်ကူးပြသ ထုတ်လွှင့်ပေးခဲ့ ပါတယ်။ အဲဒီပုံကို ကြည့်ရင် ဗလီရဲ့ ပြင်ပနံရံများ မီးဟပ်ထားတာလုံးဝမရှိကြောင်း၊ အဆောက်အဦ အပြင်ဘက်မှာ မီးလောင်ကျွမ်းထားတာ မရှိကြောင်း၊ အပေါ်ထပ်ပြူတင်းပေါက်များရဲ့ အတွင်း ဘက်မှာသာ မီးဟပ်ထားကြောင်း တွေ့ နိုင်ပါတယ်။ ဒါ့အပြင် ဗလီ ၀င်ပေါက်ကို သံတခါးနဲ့ သော့ခတ်ထားတဲ့အတွက် မီးသတ်ဖို့ တောင် တခါးကို ချိုးဖျက် ၀င်ခဲ့ရကြောင်း မျက်မြင်သက်သေများ ရဲ့ ပြောကြားချက်ကို တွေ့ နိုင်ပါတယ်။ ဒါ့ကြောင့် အပြင်ကနေ မီးရှို့တယ်ဆိုတဲ့ စွတ်စွဲချက်များမမှန်ကန်ကြောင်း တင်ပြအပ်ပါတယ်"ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကပြောပါသည်။

ယခုအခါ ယင်း မီးလောင်မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်နေကြောင်း သိရသည်။


 

0 comments: