Thursday, April 4, 2013

ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန၏ တန်ဖိုးနည်းဖုန်း ရောင်းချမည့် အစီအစဉ် (အပြည့်အစုံဖော်ပြချက်)

၁။ ၂၀၁၃ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ အစီအစဉ်ဖြင့် စတင် ရောင်းချပါမည်။

၂။ ရောင်းချမည့် ဈေးနှုန်းမှာ တယ်လီဖုန်း ခေါ်ဆိုခ ၃၀၀ကျပ် ကြိုတင် ထည့်သွင်းပြီး မိုဘိုင်းဖုန်း SIM CARD တစ်ခု အတွက် ၁၅၀၀ ကျပ်နှုန်းဖြစ်ပါသည်။ လစဉ် မိုဘိုင်းဖုန်း ၃၅၀၀၀၀ ကို ပြည်နယ်နှင့် တိုင်း ဒေသကြီးများသို့ ခွဲဝေ ရောင်းချသွားမည် ဖြစ်ပါသည်။

၃။ စတင် ရောင်းချသည့် မိုဘိုင်းဖုန်း အမျိုးအစားမှာ CDMA 800 MHz စနစ် မိုဘိုင်းဖုန်းများ ဖြစ်ပြီး မြန်မာနိုင်ငံ တစ်ဝှမ်းလုံး သာမက နိုင်ငံရပ်ခြား သို့ပါ ဆက်သွယ် ပြောဆိုနိုင်မည် ဖြစ်ပါသည်။ နောင်လ များတွင် GSM(2.75 G) WCDMA(3G) မိုဘိုင်း ဖုန်းများကို ဆက်လက် ရောင်းချ သွားမည်ဖြစ်ပြီး ရောင်းချမည့် အစီအစဉ်ကို ထပ်မံကြေငြာ ပါမည်။

၎။ CDMA-800MHz စနစ် စက်ပစ္စည်းများ တပ်ဆင်ထားခြင်း မရှိသေးသော ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် WCDMA 3G ဖုန်းများကို နှုန်းထားတူ ၁၅၀၀ ကျပ်ဖြင့် ရောင်းချသွားမည် ဖြစ်ပါသည်။

၅။ပြည်သူများသို့ သက်သာသော နှုန်းထားဖြင့် အမှန်တကယ် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရောင်းချခြင်း ဖြစ်ပါ သဖြင့် ဖုန်းကဒ် ၀ယ်ယူ ထားသည့်နေ့မှ စ၍ ၁၅ရက်အတွင်း တယ်လီဖုန်း SIMCard တွင် မူလ ထည့်သွင်းပေး ထားသည့် တယ်လီဖုန်း ခေါ်ဆိုခ ၃၀၀ ကျပ် မကုန်မီ တယ်လီဖုန်း သုံးစွဲသူသည် အနည်းဆုံး ၅၀၀၀ကျပ်တန် ကြိုတင် ငွေဖြည့်ကဒ်ဖြင့် ငွေဖြည့်သုံးစွဲရ ပါမည်။ ဖုန်းကဒ်အား အခြားသူ တစ်ဦးဦးသို့ လက်ဆင့်ကမ်း ရောင်းချခြင်းမှ ကာကွယ်ရန် အတွက် ၁၅ရက် အတွင်း အသုံးပြုခြင်း မရှိပါက အဆိုပါ ဖုန်းကဒ်သည် အလိုအလျောက် လိုင်း ပိတ်သိမ်း သွားမည် ဖြစ်ပါသည်။

၆။စက်တန်ဖိုး စက်တပ်ဆင်မှု တန်ဖိုး ကုန်ကျ စရိတ်များကို တယ်လီဖုန်း ပြောဆိုခများ မှပြန်လည် စုစည်း ကောက်ခံရမည် ဖြစ်ပါသဖြင့် တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို လစဉ် ကြိုတင် ငွေဖြည့် ကဒ်ဖြင့် ပြောဆိုခ ကျပ် ၂၅၀၀ အနည်းဆုံးသုံစွဲရန် သတ်မှတ် ထားပြီးဖြစ် ပါသည်။ နှစ်လပြည့်သော်လည်း ကြိုတင် ငွေဖြည့်ကဒ်မှ ၅၀၀၀ကျပ် အပြည့် မသုံးစွဲပါက အလိုအလျောက် ကျပ် ၅၀၀၀ပြည့်သည် အ ထိ ဖြတ်တောက် သွားပါမည်။ တယ်လီဖုန်း SIM ကဒ်တွင် ဖြည့်သွင်းထားသော ငွေကုန်ဆုံး ပြီးနောက် ၁၅ရက် အတွင်း ငွေထပ်မံ ဖြည့်သွင်းခြင်း မရှိပါက အဆိုပါ ဖုန်းကဒ်သည် အလို အလျောက် လိုင်းပိတ်သိမ်း သွားမည် ဖြစ်ပါသည်။

၇။မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် အတူ အခြား လိုင်စင်ရ အော်ပရေတာများမှ နိုင်ငံ တ၀ှမ်းလုံး၇ှိ ပြည်သူများ ဆက်သွယ် သုံးစွဲနိုင်ရန် လုံလောက်သော မိုဘိုင်းဖုန်းများကို တိုးချဲ့ တပ်ဆင်ပြီးစီး ပါက မည်သည့် ကန့်သတ်ချက်မျှ မရှိတော့ဘဲ လွတ်လပ်စွာ ရောင်းချ သွားမည် ဖြစ်ကြောင်း အသိပေး ကြေငြာအပ် ပါသည်။




0 comments: