Thursday, April 4, 2013

မြိတ်မြို့ သီရိမင်္ဂလာဈေး ဈေးသူဈေးသားများအား အသေးစားချေးငွေများ ထုတ်ချေး



မြိတ်မြို့ သီရိမင်္ဂလာဈေး ဈေးသူဈေးသားများအား အသေးစားချေးငွေများ ထုတ်ချေးခြင်းအခမ်း အနားကို ၂၀၁၃ခုနှစ်၊ ဧပြီလ(၃)ရက် နေ့လည် (၃)နာရီတွင် ပုလဲရတနာခန်းမ၌ ကျင်းပရာ မြိတ်မြို့နယ် ဆင်းရဲမှုလျှော့ချ ရေး လုပ်ငန်း ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက အမှာစကား ပြောကြားသည်။ 


ယင်းနောက် သီရိမင်္ဂလာဈေး ဈေးသူ ဈေးသား(၁၁၅)ဦးအား တစ်ဦးလျှင်(၁)သိန်း ကျပ်နှုန်းဖြင့် (၁၁၅) သိန်းကို မြိတ်မြို့နယ် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်း ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များက ထုတ်ချေးပေးခဲ့ကြ သည်။ အဆိုပါ ချေးငွေများသည် မြိတ်ခရိုင်အများပိုင်ကုပ္မဏီမှ ချေးငွေများဖြစ်ကြောင်း သတင်းရရှိသည်။


0 comments: