ပြည်နယ်နှင့် တိုင်းဒေသကြီး
အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ၂ဝ၁၃ ခုနှစ် ဧပြီ ၂၄ ရက်တွင်
စတင်ရောင်းချမည့် MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800MHz
မိုဘိုင်းလ် တယ်လီဖုန်း စနစ်သည် လက်ရှိမိုဘိုင်းလ် တယ်လီဖုန်းများကဲ့သို့ အထွက်ခေါ်ဆိုမှု အတွက် တစ်မိနစ် ၅ဝ
ကျပ်ဖြစ်ပါသည်။ အဝင်ခေါ်ဆိုမှု အတွက် ငွေပေးဆောင်ရန် မလိုအပ်ပါ။ အင်တာနက်
အသုံးပြုမှုအတွက် ငွေကောက်ခံသည့်နှုန်းမှာ ယခင် CDMA-800MHz မိုဘိုင်းလ်
တယ်လီဖုန်းများ ကဲ့သို့ တစ်မိနစ် အသုံးပြုခ လေးကျပ် ဖြစ်ပါသည်။ အင်တာနက်
အသုံးပြုလို ပါက သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးများရှိ
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ပြည်နယ်/တိုင်းဒေသကြီး မန်နေဂျာရုံးများတွင်
အင်တာနက်စနစ် ဆက်သွယ်မှု ကနဦး တပ်ဆင်ခကျပ် ၁ဝဝဝဝ ပေးသွင်း
လျှောက်ထားရပါမည်။
MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း
CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်း စနစ်သည် မြန်မာနိုင်ငံ တစ်ဝန်းတွင်
ရေဒီယို စခန်းပေါင်း ၂၈၂ စခန်း ရှိပြီး အဆိုပါ ရေဒီယို စခန်းများ၏
နယ်နိမိတ် အတွင်းမှ ပြည်တွင်း/ ပြည်ပသို့ တယ်လီဖုန်း ခေါ်ဆိုမှုများ
ပြုလုပ်နိုင်ပါသည်။ အဆိုပါ ရေဒီယို စခန်းများ၏ နယ်နိ မိတ်များအတွင်း
အပြန်အလှန် ယူဆောင် အသုံးပြုနိုင်ပါသည်။ ဆက်သွယ်မှု အရည်အသွေး
ပိုမိုကောင်းမွန်စေရန်နှင့် ပိုမိုကျယ်ပြန့်စွာ ဆက်သွယ်ပြောဆိုနိုင်
ရန်အတွက် စခန်းသစ်များကိုလည်း ထပ်မံ တိုးချဲ့ တည်ဆောက်လျက် ရှိပါသည်။
MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း
CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်းများသည် ကြိုတင်ငွေဖြည့်ကတ် အသုံးပြု၍
ပြည်တွင်း/ ပြည်ပသို့ တယ်လီဖုန်း ဆက်သွယ် ပြောဆို နိုင်ပါသည်။ ပြည်ပသို့
တယ်လီဖုန်း ခေါ်ဆိုလိုပါက MECTEL အမှတ်တံဆိပ်ပါ နိုင်ငံခြားငွေသုံး ကြိုတင်
ငွေဖြည့်ကတ် (10$,20$, 50$) အား အသုံးပြုရပါမည်။ ဖော်ပြပါ MECTEL
အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်း ကြိုတင်
ငွေဖြည့်ကတ်များ ရောင်းချမည့် နေရာ၊ ဒေသနှင့် အရောင်းဆိုင်များအား
နေ့စဉ်ထုတ် သတင်းစာများတွင် ထည့်သွင်း ကြေညာထားပြီး ဖြစ်ပါသည်။
MECTEL CDMA-800MHz မိုဘိုင်းလ်
တယ်လီဖုန်း ကတ်ပျောက်ဆုံး ပါက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ပြည်နယ်/
တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် ငွေကျပ် ၂ဝဝဝဝ ပေးသွင်းပြီး ပြန်လည်
လျှောက်ထား ရပါမည်။ MECTEL မိုဘိုင်းလ် တယ်လီဖုန်း ကတ်ပျက်စီးပါက ပြည်နယ်/
တိုင်းဒေသကြီး မန်နေဂျာ ရုံးများတွင် အခမဲ့ လျှောက်ထား ရယူနိုင်ပါသည်။
MECTEL CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်းနှင့် ပတ်သက်၍ မေးမြန်း လိုပါက
တယ်လီဖုန်း အမှတ် ၃၄၅၆ သို့ အခမဲ့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ကြောင်း
အသိပေးကြေညာ အပ်ပါသည်။
1 comments:
(၂၄-၄-၁၃)ရက်နေ့ည(၉)နာရီနောက်ပိုင်းအထိမြိတ်မြို့အတွင်းအ ထက်ပါဖုံးကိုဆက်သွယ်မှုရရှိအောင်ဆောင်ရွက်နိုင်ခြင်းမရှိသေးပါ ကြိုတင်ငွေဖြည့်ကတ်ကိုလည်းအသုံးပြုပြီး ငွေဖြည့်လို့မရသေးပါ အမြန်ဆုံးအသုံးပြုရရှိနိုင်ရေးသက်ဆိုင်ရာမှဆောင်ရွက်ပေးပါ
Post a Comment