Wednesday, October 30, 2013

တနင်္သာရီ တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးသိန်းလွင် ကျွန်းစုမြို့နယ် လယ်တောပိုင်း ကျေးရွာ အုပ်စုများသို့ ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်




တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးသိန်းလွင်သည်။ ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အရာရှိများ လိုက်ပါလျက်  ၂၀၁၃ ခုနှစ်၊ အေက်တိုဘာလ (၂၉) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်ခရိုင် ကျွန်းစုမြို့နယ် လယ်တောပိုင်း ကျေးရွာ အုပ်စုများသို့ သွားရောက်ပြီး ကျေးရွာများ အတွင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ အစီအစဉ်ဖြင့် ဆောင်ရွက်လျက် ရှိသော တည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှု့ စစ်ဆေးခဲ့ပြီး ပြည်သူ လူထုများနှင့် တွေ့ဆုံသည်။ 

 
ရှေးဦးစွာ တိုင်းဒေသကြီး ၀န်ကြီး ဦးသိန်းလွင်နှင့်အတူ ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူး ၊ ပညာရေးမှူး လိုက်ပါလျက် ၀ါရစ်ကျေးရွာ အုပ်စုတွင် နယ်စပ် ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာန ရန်ပုံငွေဖြင့် တော်ဝင်လှိုင်း ကုမ္ပဏီမှ ဖောက်လုပ်လျက် ရှိသော ၀ါရစ်ကျေးရွာအုပ်စု နွေစပါး ဧကစိုက် ဧက (၄၀၀) ကျော် စိုက်ပျိုးနိုင်ရေး အတွက် ရေပေးသွင်း နိုင်မည့် အရှည် (၂.၅)မိုင် ၊ အကျယ် (၄)ပေ၊ အနက် (၃)ပေရှိ ရေသွင်းမြောင်း ဖောက်လုပ်နေမှုအား ကြည့်ရှု့ စစ်ဆေးကာ သတ်မှတ် စံချိန် စံညွှန်းနှင့် အညီ ဖောက်လုပ် နိုင်ရေး၊ ဖောက်လုပ်ရာ တွင်လည်း ဒေသခံ လယ်သမားနှင့် ပူးပေါင်း ညှိနှိုင်းပြီး ဖောက်လုပ်ရေး၊ သတ်မှတ် ထားသည့် ဒေသပေါက်ဈေး အတိုင်း လုပ်အားခများ ပေးချေရေး တာဝန်ရှိသူ များအား မှာကြား ခဲ့သည်။ 

ထိုနောက် နေ့လည်ပိုင်းတွင် ၀ါရစ်ကျေးရွာမှ တစ်ဆင့် မင်းဂုတ် ကျေးရွာသို့ သွားရောက်ကာ မင်းဂုတ် ကျေးရွာ မူလတန်း(လွန်) ကျောင်း၌ ကျေးရွာအုပ်စု အထောက် အကူပြု ကော်မတီ ၀င်များ၊ မြေယာ ကော်မတီဝင်များ၊  ပြည်သူ လူထုများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး တွေ့ဆုံပွဲ၌ ကျွန်းစုမြို့နယ် အုပ်ချုပ် ရေးမှူး၊  မြို့နယ်လ၀က ဦးစီးမှူး၊ မြို့နယ်ဥပဒေ အရာရှိ ၊ မြို့နယ်မြေစာရင်း ဦးစီးမှူး၊ မြို့နယ် ပညာရေးမှူး၊ မြို့နယ် စာရင်းစစ်မှူး တို့မှ ကျွန်းစုမြို့နယ် အတွင်း ဆောင်ရွက်လျက် ရှိသော အုပ်ချုပ်ရေး၊ တရား ဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါး ပပျောက်ရေး၊ လယ်ယာမြေ မှတ်ပုံတင် လက်မှတ်ရေး ထုတ်ပေးရေး၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးရေး၊ ပညာရေး ကိစ္စရပ်များအား ရှင်းလင်း ဆွေးနွေးကြ ပြီးနောက် ပြည်သူများမှ တင်ပြလာသည့် ကိစ္စများအား တိုင်းဒေသကြီး ၀န်ကြီး ဦးသိန်းလွင်က ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့သည်။ 

ထိုနောက် တိုင်းဒေသကြီး ၀န်ကြီး ဦးသိန်းလွင်သည် မင်းဂုတ်ကျေးရွာ မူလတန်း(လွန်)ကျောင်း တွင် ပြုလုပ်လျက် ရှိသည် ကျောင်းမျက်နှာကျက် ပြုလုပ်ခြင်း လုပ်ငန်းအား ကြည့်ရှု စစ်ဆေး ခဲ့သည် ။ ထိုနောက် မင်းဂုတ် ကျေးရွာ သောက်သုံးရေ ဖူလုံရေး အတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့ အစီအစဉ်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် သောက်သုံး ရေကန်များအား ကြည့်ရှု စစ်ဆေးကာ ရေရှည်တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်း နိုင်ရေး  ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments: