Monday, October 21, 2013

ရဲတပ်ကြပ်ကြီးမှ (၅)တန်း ကျောင်းသူအား ဆိုင်ကယ်နှင့် တိုက်သည် ဆိုသည့်သတင်းမှာ မှန်ကန်မှု မရှိ

News of Myeik FB စာမျက်တွင် ရေးသားထားသည့် 11,10,2013 ရက်နေ့ ညနေ 3:30 နာရီ အချိန်ခန့် မြိတ်တောင်နယ်မြေ ထားဝယ်ကမ်း လမ်းဆုံတွင် ယာဉ်လမ်းကြောင်း အမှားဖြင့် မောင်းနင်းလာသည် တိုးချဲ့ရပ်နေ ရဲ ယူနီဖောင်း အပြည့်အစုံနဲ့ မော်တော် ဆိုင်ကယ် မောင်းနင်းလာသူ ရဲတပ်ကြပ် မောင်ထွန်း ဆိုသူသည် ထားဝယ်ကမ်း လမ်းဆုံတွင် အရှိန်မလျော့ပဲ မောင်းနင်းလာခဲ့ရာ မင်္ဂလာ လက်ဖက်ရည် ဆိုင်ရှေ့ မျက်နှာစာတွင် ၅ တန်းကျောင်းသူလေး တစ်ဦးကို လမ်းဖြတ်ကူးနေစဉ် ဝင်ရောက်တိုက်မိခဲ့ရာ ၅ တန်း ကျောင်းသူလေးမှာ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ရာမှ လှဲကျနေချိန်တွင် မော်တော်ဆိုင်ကယ်ဖြင့် တိုက်မိရာမှ အဆိုပါ တာဝန်ရှိသူ ရဲတပ်ကြပ် မောင်ထွန်း သည် လမ်းပေါ်တွင် ကြောက်အားလပ်အားဖြင့် အရှက်စိတ် များနဲ့ ဖြစ်နေချိန်တွင် အဆိုပါ ရဲတပ်ကြပ်မောင်ထွန်း သည် အများပြည်သူ လူမြင်ကွင်းမှာ ဆိုင်ကယ်ပေါ်မှ လုံးဝ လုံးဝ ဆင်း မထူပဲ ဆိုင်ကယ်ပေါ်မှ ရပ်ကြည့်ပြီး မောင်းထွက်ပြေး သွားကြောင်း စသည့်ဖြင့် ဖော်ပြထားသည့် သတင်းမှာ မှန်ကန်မှု မရှိကြောင်း သိရှိ ရသည်။ 



ဖြစ်စဉ်အမှန်မှာ ရဲတပ်ကြပ်ကြီး မောင်ထွန်းသည် (၁၂-၁၀-၂၀၁၃) ရက်နေ့ (၁၂၃၀) အချိန်ခန့်တွင် ရဲစခန်းမှ နယ်မြေ(၄) ရဲကင်းသို့ သွားရောက်စဉ် ထားဝယ်ကမ်းရပ် မင်္ဂလာ လဘက်ရည်ဆိုင်ရှေ့ လမ်းမ၌ ကျောင်းသူ တစ်ဦးလမ်းဖြတ်ကူးရာမှ ဆိုင်ကယ် တစ်စီးအား ရှောင်တိမ်းစဉ် လဲကျသွားကြောင်း၊ ရဲတပ်ကြပ်ကြီး မောင်ထွန်း စီးနင်းလာသည့် ဆိုင်ကယ်နှင့် တိုက်မိသည်မှာ မှန်ကန်မရှိကြောင်း သိရှိရသည်။


ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မင်္ဂလာ လဘက်ရည်ဆိုင် ပိုင်ရှင် ----------- နှင့် အနီး အနား ရှိ ဆိုင်ကယ် ပြင်ဆိုင် ၊ ဈေးဆိုင်များမှ မျက်မြင်တွေ့ရှိ သူများ၏ ပြောဆိုချက်များ အရ ရဲ တပ်ကြပ်ကြီး မောင်ထွန်းမှာ ကျောင်းသူ တစ်ဦးကို ဆိုင်ကယ်ဖြင့် တိုက်မိခြင်း မဟုတ်ဘဲ အဆိုပါ ကျောင်းသူ သည် အခြား သူတစ်ဦး မောင်နှင်လာသည့် ဆိုင်ကယ်အား ရှောင်တိမ်းရာမှ လဲကျခဲ့ရာ အနီးရှိ အရပ်သား (၃) ဦးခန့်မှ ဖေးမ ပြုစုခဲ့ရာ ကျောင်းသူသည် ထိခိုက် ဒဏ်ရာ အနာတရ ရရှိမှု မရှိသောကြောင့် ပြန်မည်ဟု ပြောကာ ထားဝယ်ကမ်း (၂) လမ်းဘက်သို့ ထွက်သွားကြောင်း ၊ ထိုအချိန်တွင် ရဲတပ်ကြပ်ကြီး မောင်ထွန်းမှာ အခြား ယာဉ်ကြောမှ မောင်းနှင်လာချိန်ဖြစ်၍ ကျောင်းသူဖြစ်သူမှာလည်း ဒဏ်ရာ တစ်စုံ တစ်ရာ ရရှိခြင်း မရှိသောကြောင့် တပ်ကြပ်ကြီး မောင်ထွန်း အနေဖြင့် တစ်စုံတစ်ရာ မေးမြန်း ခဲ့ခြင်း မရှိဘဲ ၄င်းအနေဖြင့် ထွက်ခွာ သွားကြောင်း သိရှိရသည်။

ထို့အပြင် ထိုနေ့၌ ထားဝယ်ကမ်း (၁)(၂)(၃) ရပ်ကွက်များနှင့် အထက(၂)၊ အလက(၄) ကျောင်းများတွင် ကျောင်းတက်နေသော (၅)တန်း ကျောင်းသူ တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိသည့် အခြေအနေ မရှိကြောင်း သိရရှိရပြီး မြိတ်ဆေးရုံကြီး တွင်လည်း (၅)တန်း အရွယ် ကလေး ဆိုင်ကယ် တိုက်မှုဖြင့် လာရောက် ဆေးကုသမှု မရှိကြောင်း သိရှိ ရသည်။ ၄င်းအပြင် မြိတ်တောင် နယ်မြေ အုပ်ချုပ်ရေးမှူး ရုံးနှင့် မြိတ်မြို့မ ရဲစခန်း တို့တွင်လည်း (၅)တန်းကျောင်းသူ တစ်ဦး ဆိုင်ကယ် တိုက်မှုဖြင့် လာရောက် တိုင်တန်း ထားခြင်း မရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

News of Myeik တွင် ဖော်ပြ ထားသည့် မြိတ်ရဲစခန်းမှ ရဲတပ်ကြပ်ကြီး မောင်ထွန်းမှာ ကျောင်းသူ တစ်ဦးအား ဆိုင်ကယ်နှင့် တိုက်၍ မောင်းထွက်သွားသည် ဆိုသည့် သတင်းမှာ ရက်စွဲနှင့် အချိန် မှားယွင်းနေခြင်း၊ ရဲတပ်ကြပ်ကြီး မောင်ထွန်းမှာ ယူနီဖောင်း အပြည့် အစုံနှင့် ယာဉ်လမ်းကြောင်း မှားဝင် လာခြင်းမှာလည်း မှန်ကန်မှု မရှိဘဲ ၄င်း၏ ယာဘက် ယာဉ်လမ်းကြောင်း အတိုင်း မောင်းနှင် လာခြင်းသာ ဖြစ်ပြီး (၅)တန်း ကျောင်းသူအား ၀င်တိုက်ခဲ့သည်မှာ မှန်ကန်ခြင်း မရှိကြောင်း သိရှိသည်။ ထိုသတင်းနှင့် ပတ်သက်၍ ဖြစ်စဉ် မမှန်မကန် တင်ပြရေးသားသူ များအား ရဲတပ်ဖွဲ့မှ စုံစမ်း ဖော်ထုတ် အရေးယူ သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments: