Saturday, October 5, 2013

မြူနီစပယ် ဥက္ကဋ္ဌကြီး ကူညီပေးပါ (ပေးစာ)

မြူနီစပယ် ဥက္ကဋ္ဌကြီးရှင် 
 
ယခင်က မြိတ်မြို့ပေါ်စွန့်ပစ်ရှိ အမှိုက်များကို တပ်ပြင်ရပ် မြန်မာ သင်္ချိုင်းဟောင်း အတွင်း အထဲသို့ သွားရောက် စွန့်ပစ်သော်လည်း ယခုအခါ သင်္ချိုင်း ဟောင်းအတွင်း သို့ ၀င်ရောက်စွန့်ပ် စ်ခြင်း မရှိပဲ တပ်ပြင်ရပ် ရေပုန်း လမ်းမကြီးရှိ သင်္ချိုင်ဟောင်း အပြင်ဘက် တွင် စွန့်ပစ်လျက် ရှိကြသဖြင့် ယခု ဓာတ်ပုံတွင် မြင်ရသည့် အတိုင်း ကတ္တရာ လမ်းပေါ်အထိ ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်ပါသည်။ 




ထိုသို့ အမှိုက်သည် တစ်နေ့ထက် တစ်နေ့ ကြီးထွားလာမှုကြောင့် ၄င်းလမ်းပေါ်မှ နေ့စဉ် ဖြတ်သန်း သွားလာနေကြသည့် ရဟန်း သံဃာများ၊ ကျောင်းသူကျောင်းသားများ ၊ သက်ကြီး ရွယ်အိုများနှင့် ပြည်သူများသည် အနံ့အသက်ဆိုးများ ဆိုးဝါးစွာ ခံစား နေရပြီး ကျန်းမားရေး ထိခိုက်စေသည့် အပြင် ၄င်း အမှိုက်ပုံကို ကို အမှီပြုပြီး ခွေးလေခွေးလွင့်များ ၊ ကြွက်၊ ခြင်၊ ယင်များ များစွာ ပေါက်ဖွားလျက် ရှိပါသည်။ 

သို့ဖြစ်ပါ၍ ပြည်သူလူထုမှ ရွေးချယ်ထားသည် ဆိုသည့် မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြူနီစပယ် ဥက္ကဋ္ဌကြီး) မှ ပြည်သူလှူထု၏ အကျိုးအတွက် အဆိုပါ အမှိုက်ပုံအား ရှင်းလင်း ဖယ်ရှား ပေးနိုင်ပါရန် တင်ပြအပ်သည်။

0 comments: