Friday, October 18, 2013

နယ်မြေဒေသလုံခြုံရေးအတွက် ပိတ်ဆို့စိစစ်မှုများ ပြုလုပ်ရာမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့၊ ည (၉း၃၀)အချိန်ခန့်၊ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ စက်ဝင်းရပ်၊ ဘုရားကိုင်လမ်းမကြီးရှိ ညောင်ပင်ကြီးအောက်၌ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ နယ်မြေဒေသ လုံခြုံရေး အတွက် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေစဉ် မြိတ်မြို့၊ ကလွင်ရပ်၊ တက္ကသိုလ် (၃)လမ်းနေ ဦးနောင်စူး (ခ) ကျော်စိုးဦး၊ (၄၈)နှစ်၊ (ဘ ဦးတင်အုန်း) မောင်းနှင်လာသော Click-i (နံပါတ်မပါ) အမျိုးအစား မော်တော်ဆိုင်ကယ် တစ်စီးအား စိစစ်သည့်အခါ ယာဉ်မောင်းသူ၏ ဘောင်းဘီ အရှေ့ညာဘက် အိတ်အတွင်းမှ WY- စာတန်းပါ စိတ်ကြွဆေးပြား ပန်းရောင် (၂၁)ပြား၊ အစိမ်းရောင် (၁)ပြား၊ ငွေ (၅၅၀၀၀)ကျပ်နှင့် ZTE ဖုန်း အမျိုးအစား (၀၉၄၂၂၂- - - - -) တို့အား သိမ်းဆည်းရမိ၍ 
 
 
သက်ဆိုင်ရာမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေ မယ (ပ) အမှတ် ၅၄/ ၂၀၁၃ ပုဒ်မ ၁၅/၁၆ (ဂ)/၂၀ (က)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။

0 comments: