Monday, October 21, 2013

ဘုတ်ပြင်းမြို့ရာက် ထူးထူးတိုး ရော်ဘာစိုက်ပျိုးရေး ကုမ္ပဏီ လုပ်သားများ နေရပ်ပြန်လည် ပို့ဆောင်

ခမောက်ကြီး မြို့နယ်ခွဲ ၊ ထူးထူးတိုးရော်ဘာ စိုက်ပျိုးရေး ကုမ္ပဏီ ၏ အလုပ်ရှင် အလုပ်သမား  သဘောထား ကွဲလွဲမှု ဖြင့် အလုပ်မှထုတ်ပယ် ခံရပြီး လမ်းခရီးတွင် ဒုက္ခရောက်နေ ခဲ့သည့်  ဧရာဝတီ တိုင်းဒေသကြီး ၊အင်္ဂပူမြို့နယ် ၊ ထူးကြီး ကျေးရွာ အုပ်စု မှ ရော်ဘာစိုက်ပျိုးရေး အလုပ်သမား ကျား(၃၇)ဦး ၊မ (၂၁)ဦး ၊ကလေး (၇)ဦး ၊ပေါင်း (၆၅)ဦး အဖွဲ့သည် ဒေသ အာဏာပိုင်များ ၊ ဌာနဆိုင်ရာများ ၏ ပံ့ပိုး ကူညီမှုဖြင့် ခမောက်ကြီးမြို့နယ် မှတဆင့် အောက်တိုဘာ ၁၃ ရက် ည (၇း၄၀) နာရီတွင် ဘုတ်ပြင်းမြို့ သို့ မော်တော်ယာဉ် များဖြင့် ရောက်ရှိလာသည်။



ထိုအလုပ်သမားများ အား ဘုတ်ပြင်းမြို့နယ် အုပ်ချုပ်ရေး မှူး ဦးချမ်းသာနှင့် ဌာနဆိုင်ရာများ၊ N GO အဖွဲ့ များ က ဘုတ်ပြင်းမြို့ အေးချမ်းသာ ရပ်ကွက် ၊ ဓမ္မ၀ိဇယ ဘုန်းတော်ကြီးကျောင်းတွင် ယာယီ စီစဉ်နေရာ ချထား ပေးပြီး ၊ စားဝတ်နေရေး ကိစ္စများ ၊ ကျန်းမာရေး ပြုစုကုသ စောင့်ရှောက် ပေးခြင်း လုပ်ငန်း များအား ဆောင်ရွက် ပေးသည်။

အဆိုပါ စိုက်ပျိုးရေး အလုပ်သမားများအား အောက်တိုဘာလ ၁၆ ရက်နေ့တွင် နံနက်ပိုင်းတွင် ထူးထူးတိုး ရော်ဘာ စိုက်ပျိုးရေး ကုမ္ပဏီမှ တာဝန်ရှိသူများ နှင့် ဒေသအာဏာပိုင် အဖွဲ့အစည်းများ ၏ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးမှု ဖြင့် သဘောတူ ပြေလည်မှု ရရှိ ခဲ့သဖြင့် မြို့နယ် သာသနာရေး ဦးစီးဌာန မှ တာဝန်ယူ ၍ ဘုတ်ပြင်းမြို့ မှ တဆင့် ၄င်းတို့ နေထိုင်ရာ ဒေသ ဖြစ်သည့် ဧရာဝတီတိုင်း ဒေသကြီး အင်္ဂပူမြို့နယ် သို့ မှန်လုံ မော်တော်ယာဉ်များ ဖြင့် ကောင်းမွန် စွာ ပြန်လည် ပို့ဆောင် ပေးခဲ့ကြောင်း  သတင်း ရရှိသည်။

0 comments: