Thursday, October 10, 2013

ချောင်းလမုရွာ ရေဘေးသင့်ပြည်သူများအား ထောက်ပစ္စည်းများ ပေးအပ်


တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွား/ စီမံဝန်ကြီး ဦးသိန်းလွင်၊ သစ်တော/ သတ္တုဝန်ကြီး ဦးတင်စိုးတို့သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များ၊ လူမှုရေး အသင်း အဖွဲ့ဝင်များ နှင့်အတူ တနင်္သာ ရီမြို့နယ် သိန်ခွန်းကျေးရွာ အုပ်စု ချောင်းလမုရွာတွင် စက်တင်ဘာလ(၂၈)ရက်နေ့ တွင် မြစ်ရေကြီးမှုကြောင့် ယိမ်းယိုင် ပြိုကျခဲ့သော နေအိမ်များနှင့် ပြောင်းရွှေ့ အိမ်ထောင်စု များအား တွေ့ဆုံ၍ ဆန်နှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို အောက်တိုဘာလ (၈)ရက် နံနက်(၁၀း၃၀)နာရီတွင် ဓမ္မ ရက္ခိတကျောင်း၌ ကျင်းပသည်။



ရှေးဦးစွာ ဓမ္မရက္ခိတ ကျောင်း ဆရာတော် ဘဒ္ဒန္တ သုမန နှင့် တာပလတ်ရွာဆရာတော် အရှင်ပညာဝံသ အရှင်သူမြတ် တို့အား ဖူးမြော် ကြည့်ညိုကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် တိုင်း ဒေသကြီး အစိုးရအဖွဲ့ စီးပွား/စီမံဝန်ကြီး ဦးသိန်းလွင်၊ သစ်တော/သတ္တုဝန်ကြီး ဦးတင်စိုးတို့သည် ချောင်းလမုရွာ ရပ်မိရပ်ဖများ၊ ဒေသခံများနှင့်ရေဘေးသင့်ပြည်သူ များအား တွေ့ဆုံ၍ အားပေးစကား ပြောကြားကြပြီး ယိုင်လဲ ပြိုကျ(၃၉)အိမ်အတွက် သစ်နှင့် အိမ်ဆောက်ပစ္စည်များ တန်ဘိုးငွေ သိန်း(၁၀၀)ခန့်ကုန်ကျခံကာ ရွာအရောက် ပို့ဆောင် ပေးလျက်ရှိကြောင်း ပြောကြားခဲ့ကြသည်။

တနင်္သာရီ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ၀န်ကြီးများနှင့် အလှူရှင် ဦးအောင်ကျော်မြင့်+ ဒေါ်အိအိလင်း မိသားစုတို့မှ ယိုင်လဲပြိုကျ နေအိမ်များကို လည်းကောင်း၊ ပြောင်းရွှေ့ အိမ်ထောင်စုများကို လည်းကောင်း၊ ထောက် ပံ့ငွေ ငါးသောင်းကျပ်စီနှင့် ဆန်တစ်အိတ်စီကို အိမ်ထောင် ဦးစီးများထံ တစ်ဦးချင်း ပေးအပ်ကြပြီးနောက် အလှူ ရှင် ဦးအောင်ကျော်မြင့်မှမိမိ အလုပ်လုပ် ခဲ့ဘူးသော ဒေသမှ ရေဘေးသင့်ပြည်သူများအား ယခုကဲ့သို့ တုန့်ပြန် ကျေးဇူးဆပ်ခွင့်ရသည့် အတွက် များစွာ ၀မ်းမြောက်ဂုဏ်ယူ မိကြောင်း ကျေးဇူးတင် စကားပြောကြားကာ အခမ်း အနား ရုပ်သိမ်းလိုက်သည်။

ဆက်လက်၍ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွား/ စီမံဝန်ကြီး ဦးသိန်းလွင်၊ သစ်တော / သတ္တုဝန်ကြီး ဦးတင်စိုး တို့သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရန်ပုံငွေဖြင့် တနင်္သာရီမြို့ ချောင်းငယ် ရပ်ကွက် ကမ်းနာလမ်းတွင် အသစ် တည်ဆောက် လျက်ရှိသည့် အောင်မင်္ဂလာဈေး(၂) တည်ဆောက် ပြီးစီးမှုနှင့် ချောင်း ကြီးရပ်ကွက် ရှင်မအောင်သာ လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်း ပြီးစီးမှု အခြေအနေများ ကိုကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း သတင်း ရရှိသည်။

IPRD MYEIK

0 comments: