Saturday, October 26, 2013

မြိတ်မြို့၌ ကုန်သွယ်မှု မြှင့်တင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ



မြိတ်ခရိုင်၏ ကုန်သွယ်မှု လုပ်ငန်းများ လွယ်ကူ ချောမွေ့ မြန်ဆန်ရေး၊ ကဏ္ဍအလိုက် ပြည်ပပို့ကုန် ပိုမို ထုတ်လုပ် တိုးတက် တင်ပို့နိုင်ရေး၊ တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ်မှ ဆောင်ရွက် နိုင်ရေးနှင့် ကုန်သွယ်မှု လုပ်ငန်း အခက်အခဲများ ဖြေရှင်း ဆောင်ရွက်နိုင်ရေး အတွက် ကုန်သွယ်မှုမြင့်တင်ရေး အစည်းအဝေးကို အောက်တိုဘာလ (၂၅)ရက် နံနက်(၁၀)နာရီတွင် မြိတ်ခရိုင် ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ နယ်စပ် ကုန်သွယ်ရေး စခန်း(မြိတ်)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ကုန်သွယ်မှု လုပ်ငန်း အခြေအနေများနှင့် တစ်ဖက်နိုင်ငံမှ ထွက်ကုန်များ တင်သွင်းခြင်းထက် ဒေသထွက်ကုန်များ တင်ပို့ ခြင်းကို ဦးစားပေးရေး ဆွေးနွေးသည်။ ဆက်လက်၍ မြိတ်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှူး ဦးနေလင်းက နယ်စပ်ဂိတ်များ ဖွင့်လှစ်လာခြင်း၊ နိုင်ငံခြားသားများ ၀င်ရောက်လာမှုနှင့် လုပ်ငန်း ရှင်များ အနေဖြင့် နိုင်ငံခြားသားများ ဆက်နွယ် လုပ်ကိုင်သည့်အခါ ဗီဇာ စည်းကမ်းအတိုင်း လုပ်ဆောင်ရန် ဆွေးနွေး ခဲ့သည်။

ယင်းနောက် မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း ဦးထွန်းထွန်းမှ ကုန်သွယ်မှု ပမာဏ လျာထားချက်ပြည့်မီရေး အကြောင်း ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ တက်ရောက် လာကြသော ကုန်သည် လုပ်ငန်းရှင်များနှင့် ကုပ္မဏီများက သိလိုသည် များကို မေးမြန်း ဆွေးနွေးကြရာ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်း ဖြေကြားကြပြီး နယ်စပ် ကုန်သွယ်ရေး စခန်း (မြိတ်) မှ လက်ထောက် ညွှန်ကြားရေးမှူးက ဆွေးနွေးချက်များ အပေါ် ကုန်သွယ် မှုမြင့်တင်ရေး အတွက် သုံးသပ်ဆွေး နွေးခဲ့ပြီး အစည်းအဝေး ရုပ် သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။

iprd myeik

0 comments: