Sunday, October 27, 2013

ကုန်တင်ယာဉ်ကြီးများ မြို့တွင်း၌ ၀င်ရောက်နေမှုကို တားမြစ် ပေးနိုင်ပါရန်



မြိတ်မြို့အတွင်းရှိ လမ်းများသည် ကျဉ်းမြောင်းသည့် အပြင်  ယခုကဲ့သို့ ၁၂ ဘီးတပ်‌ ကုန်‌တင်‌‌မော်‌‌တော် ကားကြီးများ မြို့တွင်းဝင်‌‌ရောက်‌ လာချိန်‌များတွင်‌ လမ်းသွား လမ်းလာ မိဘပြည်‌သူများ စာသင်ကျောင်းများ၊ မြို့လယ်ခေါင် ဆိပ်ငယ်ဈေးကြီး ပတ်ဝန်းကျင့် တို့တွင်‌ မကြာခဏ ယာဉ်‌‌ကြောပိတ်‌‌ သည့်‌ ပြဿနာများ ဖြစ်‌‌ပေါ်‌နေ ပါသည်‌။  အမြို့မြို့ အနယ်‌နယ်‌တွင်‌ မြို့တွင်းလမ်းများ အတွင်း အ‌ဝေး‌ပြေးကားများ ဝင်‌‌ရောက်‌ခွင်‌မရပါ ။ အ‌ဝေး‌ပြေးကားများ အတွက်‌ အ‌ဝေး‌ပြေး ကားဝင်းကို မြို့တိုင်းမှာ ထားရှိ‌ပေးထားပါသည်‌ ။ အဝေးပြေး ကားများသည်လည်း သတ်မှတ်ထားသော ကားဝင်းအတွင်း၌ပင် ရပ်နားရပါသည်။ 



သို့ဖြစ်ပါ၍ သက်ဆိုင်ရာများ အနေဖြင့် မြိတ်မြို့ အတွင်း ကုန်တင်ယာဉ်ကြီးများ မြို့တွင်း ၀င်ရောက် ကုန်တင်/ ချသည့် ကိစ္စအား တားမြစ်ပေးနိုင်ပါရန် တင်ပြအပ်ပါသည်။

0 comments: