Sunday, October 6, 2013

မြိတ်မြို့၌ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီနှင့် ရပ်ကွက်/ကျေးရွာဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုကော်မတီများ၊ လူမှုရေးအသင်းအဖွဲ့များ တွေ့ဆုံ ဆွေးနွေး

ခရိုင်/မြို့နယ် စီမံ ခန့်ခွဲမှုကော်မတီနှင့် ရပ်ကွက် /ကျေးရွာဖွံ့ဖြိုး တိုးတက်မှု အထောက်အကူပြု ကော်မတီ များ၊ လူမှုရေး အသင်းအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကို အောက်တိုဘာလ(၅)ရက် နံနက်(၁၀)နာရီတွင် ကျွန်းရတနာ ခန်းမ၌ ကျင်းပရာ မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု ကော်မတီ များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။


ရှေးဦးစွာ မြိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကား ပြောကြားရာတွင် ပြည်သူ ဗဟိုပြုသော လူမှုအကျိုးစီးပွား အတွက် ပြည်သူ့ အကျိုးပြု လုပ်ငန်းကို ဥပဒေနှင့် အညီ ၀ိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်က ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များ အေးချမ်း တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ခရိုင် ဥပဒေအရာရှိ ဦးလှထွန်းက ပြည်သူ့ အကျိုးပြု လုပ်ငန်းဆောင်ရွက်လျက် ရှိသော အသင်းအဖွဲ့ များအား အသင်း အဖွဲ့ ဥပဒေဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက် လာကြသူများက သိလိုသည်များ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများ က ရှင်းလင်းဖြေကြားပြီး ခရိုင် အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာ စကားပြောကြား၍ ဆွေးနွေးပွဲ ရုပ်သိမ်းလိုက် ကြောင်း သတင်း ရရှိသည်။

0 comments: