Thursday, October 31, 2013

မြိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ဆွေးနွေးပွဲ ပြုလုပ်




မြိတ်ခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ဆွေးနွေးပွဲအား ၂၀၁၃ ခုနှစ် ၊ အောက်တိုဘာလ (၃၁) ရက်နေ့ နေ့လည် (၁)နာရီ အချိန်တွင် မြိတ်ခရိုင် ပါတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်း ဒေသကြီး ပါတီကော်မတီဝင် ဦးအေးအောင်နှင့် ဦးကြည်ထွန်း၊ မြိတ်ခရိုင်အတွင်းရေးမှူး ဦးအောင်ဇော်မိုးနှင့် ကော်မတီဝင်များ ၊ မြိတ်ခရိုင် အတွင်းရှိ မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီ မြို့နယ်တို့မှ အတွင်းရေးမှူးများ ၊ မြိတ်မြို့နယ် ကော်မတီဝင်များ ၊ ရပ်/ ကျေး စည်းရုံးရေးမှူးများ စုစုပေါင်း အင်အား (၅၀)ကျော် တက်ရောက် သည်။ 


ဆွေးနွေးပွဲတွင် ပထမဦးစွာ တိုင်းဒေသကြီး ကော်မတီဝင် ဦးအေးအောင်မှ အဖွင့်အမှာစကား ပြောကြား ပြီးနောက် မြိတ်ခရိုင်အတွင်းရေးမှူး ဦးအောင်ဇော်မိုးက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက်  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီ၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ကြေညာချက် (၉)ချက်၊ ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ဦးတည်ချက် (၃) ရပ်အား ရှင်းလင်း ဆွေးနွေးသည်။ 

ထိုနောက် ဆွေးနွေးပွဲ တက်ရောက် လာကြသူများက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အခန်း(၁) နိုင်ငံတော်၏ အခြေခံမူများ၊ အခန်း(၃) နိုင်ငံတော် အကြီးအကဲ၊ အခန်း(၅) အုပ်ချုပ်ရေး၊ အခန်း(၆) တရားစီရင်ရေး၊ အခန်း(၇) တပ်မတော်၊ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များ စသည်တို့အား  ပူးပေါင်းကော်မတီ၏ ဦးတည်ချက် သုံးရပ်နှင့် အညီ ပြင်ဆင် သင့်သည့် အချက်များအား အသေးစိတ် လေ့လာ သုံးသပ် ဆွေးနွေးကြသည်။ ပြီးနောက် တိုင်းဒေသကြီး ကော်မတီဝင် ဦးအေးအောင်နှင့် ဦးကြည်ထွန်းတို့က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး သုံးသပ်ချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီးနောက် ဆွေးနွေးပွဲ ပြီးဆုံးသည်။ 

အဆိုပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာရေး ဆွေးနွေးပွဲမှ ပြင်ဆင်သင့်သည့် လေ့လာတွေ့ရှိချက် ၊ အကြံပြုချက်များအား ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ နိုဝင်ဘာလ (၁၅) ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။





0 comments: