Wednesday, October 2, 2013

ကျွန်းစုမြို့နယ်၌ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးတွေ့ဆုံ ဆွေးနွေး


 

ကျွန်းစုမြို့နယ် ကျွန်းရတနာ ခန်းမ၌ စက်တင်ဘာလ (၃၀)ရက် နေ့လည် ၂း၃၀ အချိန်ခန့်တွင် အစိုးရအဖွဲ့ဝင် သစ်တော/ သတ္တုဝန်ကြီး ဦးတင်စိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကျေး အုပ်ချုပ်ရးမှူး များနှင့် ပြည်သူများ တွေ့ဆုံပွဲ ကျင်းပခဲ့သည်။





ရှေးဦးစွာ အစိုးရ အဖွဲ့ဝင် သစ်တော/ သတ္တုဝန်ကြီး ဦးတင်စိုးက ကျေးရွာများ၌ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် တောင်းဆိုရာတွင် ၊ ဆင်းရဲမှုလျှော့ချရေး ရန်ပုံငွေနှင့် ကမ္ဘာ့ဘဏ်မှ ထောက်ပံ့ငွေ များအား ကျေးရွာများမှ ကွဲကွဲပြားပြား စီစစ် တောင်းဆိုရန်နှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ အမှုတွဲများ ဓာတ်ပုံ မှတ်တမ်းများ စနစ်တကျတင်ပြရန် မှာကြားခဲ့သည်။

ဆက်လက်၍ ၀န်ကြီးမှ ကျေးရွာများ၌ ဆင်းရဲမှု လျှော့ချရေး ရန်ပုံငွေဖြင့် ပြုလုပ်လျက် ရှိသော ကျောင်း၊လမ်း ၊တံတား၊ အစရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဧ။် ပြီးစီးနေမှု ရာခိုင်နှုန်းများကို မေးမြန်းရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများမှ အသေးစိတ် ပြန်လည် ဖြေကြားခဲ့သည်။ ထိုနောက် ၀န်ကြီးမှ ကျွန်းစုမြို့နယ် အတွင်း သစ်တောကြီးဝိုင်း အတွင်းရှိ ကျေးရွာများအား မြို့နယ် သစ်တော ဦးစီးဌာနနှင့် မြို့နယ် မြေစာရင်း ဦးစီးဌာနတို့မှ ပူးပေါင်း ကွင်းဆင်း ဆောင် ရွက်ရန် လည်းကောင်း၊ မြို့နယ် လျပ်စစ် ဓာတ်အားဖြန့် ဖြူးရေး အနေဖြင့် မြို့မီးလင်းရေး အတွက် မြို့နယ်မီးလင်းရေး ကော်မတီများနှင့် ညှိနှိုင်း ဆောင်ရွက်ရန်နှင့် မြို့ပေါ်မီးလင်းရေး အတွက်ကိုသာ အဓိကထား ဆောင်ရွက်ရန်ကို လည်းကောင်း၊ မြို့နယ် ကျန်းမာရေး အနေဖြင့် တာရပိုင်း ကျေးရွာ၌ မြွေအကိုက်ခံရ၍ သေဆုံးနေ မှုအပေါ် မြွေအဆိပ်ဖြေဆေး များအား ကျေးလက် ကျန်းမာရေး ဌာနတွင် ထားရှိနိုင်ရေး အစိုးရအဖွဲ့ရုံးမှ တနသာင်္ရီ တိုင်းဒေသကြီး ကျန်းမားရေး ဦးစီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်း ရရှိပါသည်။
IPRD MYEIK

0 comments: