Thursday, October 31, 2013

တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် အကျဉ်းထောင် ၊ အကျဉ်းစခန်း များ နှင့် ရဲတပ်ဖွဲ့ အချုပ်ခန်းများ အား ကွင်းဆင်း စစ်ဆေး

တနင်္သာရီတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးမြင့်ဝင်းသည် တိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီး၊ တရားရေး ဦးစီးမှူးနှင့် မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ၊ အကျဉ်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ၊ တာဝန်ရှိသူများနှင့် အတူ အောက်တိုဘာလ(၂၈)ရက် နံနက်(၁၀း၂၀)နာရီတွင် အကျဉ်းဦးစီး ဌာန မြိတ်အကျဉ်းထောင်အား စစ်ဆေးခဲ့ကြသည်။



ရှေးဦးစွာ အကျဉ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် အကျဉ်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးညွှန့်ဝင်းက မြိတ်မအကျဉ်းထောင် အတွင်းတွင် ထောင်ကျများ၊ အချုပ်ကျ တရားခံများ တည်ငြိမ်အေးချမ်းမှု ရှိရေး၊ သောက်ရေ သုံးရေ နှင့် စားသောက်ရေး၊ သန့်ရှင်းရေး၊ ကျန်းမာရေးစသည်တို့ ဆောင်ရွက်ပေးနေမှု ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်က အချုပ်တရားခံ အမှုများအား တရားရုံး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာနတို့မှ အချုပ် တရားခံနှင့် သက်သေများကို ရုံးချိန်း ကြားနာ စစ်ဆေးမှုများ မြန်မြန်ဆန်ဆန် ပြီးစီးနိုင်ရေး အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေး အကြောင်း ရှင်းလင်းပြော ကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြိတ် အကျဉ်းထောင်၊ မြိတ်မြို့မ ရဲစခန်း အချုပ်ခန်း၊ တရားရုံး ယာယီ အချုပ်ခန်းတို့ကို လည်းကောင်း၊ အောက်တို ဘာလ(၂၉)ရက်တွင် တနင်္သာရီ မြို့နယ်ရှိ ဆင်ဖြူရှင် စိုက်ပျိုး မွေးမြူရေး ရဲဘက်စခန်း၊ တနင်္သာရီ မြို့မ ရဲစခန်း တို့ကို လည်းကောင်း ကြည့်ရှု စစ်ဆေးခဲ့ကြပြီး အချုပ်ခန်း အတွင်းတွင် ကလေး အကျဉ်းသားများ ရှိမရှိ၊ နေရာ ထိုင်ခင်း သက်သာ ချောင်ချီမှု ရှိမရှိ၊ ကျန်းမာရေး ပြည့်စုံမှု ရှိမရှိ၊ ဆေးကုသရန် အခွင့်အရေး ရှိမရှိ တို့ကို အလေးထား စစ်ဆေးခဲ့ ကြသည်။
 
တိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီးချုပ်သည် အောက်တိုဘာလ (၃၀)ရက် နံနက် (၆း၃၀) နာရီတွင် ခရိုင်/ မြို့နယ် တရားသူကြီး များအား တွေ့ဆုံ၍ မြိတ်ခရိုင် အတွင်းရှိ တရားရုံးများတွင် ၂၀၁၃ ခုနှစ်အတွင်း စစ်ဆေးဆဲ အမှု လက်ကျန် လျောနည်း ကျဆင်းရေး ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

0 comments: