Monday, October 14, 2013

နယ်လှည့်ဆေးကုသရေး အဖွဲ့ အခမဲ့ ကွင်းဆင်း ဆေးကုသ


 

မြိတ်ခရိုင် မြိတ်မြို့ သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော် မဟာ သဒ္ဒမ္မဇော တိကဓဇ ဘဒ္ဒန္တ သုဇာတနှင့် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးတို့ ဦးဆောင်သော ... (၅/၁၀၀)တပ်မတော် ဆေးရုံမှ အထူးကု ပါရဂူ ကြီးများနှင့် အထူးကု ဆရာဝန်ကြီးများနှင့် သူနာပြုများမှ အောက်တို ဘာလ(၁၃)ရက် နံနက်(၇)နာရီတွင် စန္ဒ၀တ်ကျေးရွာ အုပ်စု ချမ်းမြေ့သာရီ ရပ်ကွက် ဓမ္မာရုံတွင် အခမဲ့ ကွင်းဆင်း ဆေးကုသ သည်။





အဆိုပါ ကွင်းဆင်းဆေးကုသ အဖွဲ့သည် ချမ်းမြေ့သာရီ ရပ်ကွက်နှင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူ (၁၄၃)ဦးအား မျက်စိ အထူးကု ဆရာဝန်ကြီး၊ ခွဲစိတ် အထူးကု ဆရာဝန်ကြီး၊ အထွေထွေ ရောဂါကု ဆရာဝန်ကြီး၊ သွားအထူးကု ဆရာဝန်၊ ကလေးအထူးကု ဆရာဝန်များနှင့် သူနာပြုများက ကျန်းမာရေး ဆေးစစ် ပေးပြီး အခမဲ့ ဆေးကုသ ပေးကြ၍ ဆေးများ အခမဲ့ပေးဝေ ခဲ့သည်။

၎င်းရပ်ကွက်သည် အိမ်ခြေ(၂၇၀)ခန့်နှင့် လူဦးရေ(၁၆၀၀) ခန့်ရှိပြီး လယ်ယာ လုပ်ကိုင်သည့် တောင် သူများ အများဆုံး နေထိုင်၍ မြိတ်မြို့မှ(၈)မိုင် ခန့်ကွာဝေး ပါသည်။ ယခုကဲ့သို့ မြို့နှင့်အလှမ်း ကွာဝေးေ သာ ကျေးရွာများသို့ သွားရောက်ပြီး ကျေးရွာနေ ပြည်သူများအား အထူးကု ဆရာဝန်ကြီးများက ပြည်သူများအပေါ် ထိထိ ရောက်ရောက် အခမဲ့ ကွင်းဆင်း ဆေးကုသ ပေးခြင်းသည် ပြည်သူများ များစွာအကျိုးရှိကြောင်းနှင့် ပြည်သူများ ၀မ်းသာ ပီတိ ဖြစ်ရကြောင်း သတင်း ရရှိသည်။

IPRD MYEIK

0 comments: